Season-4 Ep(3)

605 41 2
                                    

Unicode

~~မှော်~~
(Season-4)
အပိုင်း(၃)

ကောင်းကင်ပေါ်တငွေ့ငွေ့ပျံတက်သွားသည့် မီးခိုးငွေ့တို့ ဝေဝါးပျောက်ကွယ်သွားသည်အထိ သူမော့ကြည့်နေမိဆဲ..။

မီးပုံတစ်ခုလုံးလောင်ကျွမ်းပျက်ဆီးသွားခြင်း နှင့်အတူ စီသာဆိုသောမိန်းကလေးသည်လည်း ထာဝရပျောက်ကွယ်သွားခဲ့ပြီပဲ။

ဘာကြောင့်မှန်းမသိ သူ့ရင်တစ်ခုလုံး နင့်နင့်သည်းသည်း ခံစားနေရလျက်။

ဒဂ္ဂံတွေတဖွဲဖွဲပြန်သွားသည့်တိုင် အကြီးအကဲများ မီးသင်္ဂြိုလ်သည့်ကွင်းပြင်တွင် ပျံတက်သွားသည့်မီးခိုးငွေ့တို့ကို သူငေးကြည့်၍ ကောင်းနေဆဲ။

"သွားရအောင်နေခ... "

သိပ်မကြာခင်မိုးချုပ်တော့မည်မို့ နှိုင်းက သတိပေးလိုက်သည်။ နေခကတော့ ကောင်းကင်ကို မော့ကြည့်နေရင်း မီးခိုးငွေ့တို့ကို ငေးမောနေမြဲ။

"ငါတို့လည်းစိတ်မကောင်းပါဘူး "

နှိုင်းက အမှန်တကယ်စိတ်မကောင်းစွာ ထပ်ဆိုလိုက်၏။ နေခမချိမရိပြုံးလိုက်ရင်း..

"ငါဒဂ္ဂံတွေရဲ့ခေါင်းဆောင်အစစ်မဟုတ်မှန်း သူသိတယ်.. "

"ဘာ... "

"မင်းတို့နဲ့တစ်ဖွဲ့တည်းဆိုတာလည်း သူသိနေခဲ့တယ်... "

နေခစကားကသူတို့အားလုံးကို အံ့သြသင့် သွားစေသည်။ ဟန်ကမယုံကြည်နိုင်ဟန်ဖြင့်

"ဟုတ်လို့လား... သူမင်းနဲ့ငါတို့အကြောင်းကို သိနေခဲ့ရင် ဒီအတိုင်းနှုတ်ဆိတ်နေမှာတဲ့လား "

ဟန့်စကားကို သူဘာမှမတုန့်ပြန်မိပါ။ မီးခိုးငွေ့တွေကိုသာ ငေးမောကြည့်နေရင်းနှင့် သူမျက်လုံးထဲမြင်ယောင်လာခဲ့မိသည်က သူမနှင့် နောက်ဆုံးတွေ့ဆုံစကားပြောခဲ့သည့်အချိန်...

"အသင်က ကျွန်ုပ်တို့ဒဂ္ဂံတွေရဲ့ ခေါင်းဆောင်အစစ်မဟုတ်သလို ဒဂ္ဂံတွေယုံကြည်တဲ့ နတ်ဘုရားရဲ့သားတော်လည်း မဟုတ်ဘူး"

"ဟင်... "

ထင်မှတ်မထားသည့်စကားကြောင့် သူအထိတ်တလန့်နှင့်သူမကိုကြည့်လိုက်မိ၏။ သူမမျက်နှာကာပကတိတည်ငြိမ်နေ၏။ သူ့ကိုမကြည့်ဘဲ ဟိုးအဝေးဆီမှ မြင်ကွင်းများကိုသာ ငေးမောကြည့်နေရင်း..

မှော် (ေမွာ္)Where stories live. Discover now