Season-8 Ep(4)

549 37 5
                                    

Unicode

~~မှော်~~
(Season-8)
အပိုင်း(၄)

ခွေခွေလေးဝဲကျနေသည့်ဆံနွယ်တို့က ဒီအတိုင်းလေးချထားသည်က ပိုလှသဖြင့် စည်းမယ်ပြင်ပြီးမှ မစည်းဖြစ်တော့ပါ။

မျက်နှာသွယ်သွယ်လေးထက်မှ မျက်ခုံး၊ မျက်လုံး၊ နှာတံ၊ နှုတ်ခမ်းအားလုံးက သူ့ဟာနှင့်သူလှသည်။ ဝင်းဝါစိုပြေနေသော အသားအရေကလည်း အတော်ကောင်းသည့်ထဲပါသည်။ ခန္ဓာကိုယ်အချိုးအစားသည်လည်း အပြစ်ဆိုစရာမရှိ။

"အင်း.. ဒီမိန်းကလေး လှတာတော့အတော်လှတာပဲ"

မှန်ထဲတွင်မြင်နေရသည့်ပုံရိပ်ကိုကြည့်ရင်း အမရာရေရွတ်လိုက်၏။ ထို့နောက် နှုတ်ခမ်းဖူးဖူးလေးထက်ပေါ်အနီရင့်ရင့်နှုတ်ခမ်းနီကို လိမ်းခြယ်လိုက်သည်။ စိတ်တိုင်းကျပြင်ဆင်ပြီးတော့ ကျေနပ်စွာပြုံးလိုက်ရင်း ထပ်ဆိုလိုက်ပြန်၏။

"အခုတော့.. ငါဖြစ်ပြီပေါ့လေ အဟင်း ဟင်း"

တစ်ကိုယ်လုံးကို လှည့်ပတ်ကြည့်ပြီး ကျေနပ်သွားတော့ မှန်ရှေ့မှခွါလိုက်သည်။ ထို့နောက် အခန်းအပြင်ဘက်ထွက်လာတော့

"ဘယ်သွားမလို့လဲ..."

ဗဒ္ဒရီစကားကြောင့် သူမမျက်နှာတစ်ချက်မဲ့သွားပြီ

"ဘယ်သွားတယ် ဘယ်လာမယ်ဆိုတာကအစ ရှင့်လိုအစေခံတစ်ယောက်ကို သံတော်ဦးတင်နေရဦးမှာလား"

ရိုင်းပျသောစကားတို့အတွက် ဗဒ္ဒရီက ထွေထွေထူးထူးခံစားမနေဘဲ ဥပေက္ခာပြုထားလိုက်ရင်း

"မင်းသားက မင်းကိုစောင့်ကြည့်ဖို့ အမိန့်ချထားတယ် ငါကမင်းသားရဲ့အစေခံဖြစ်တဲ့အတွက် အမိန့်ကိုနာခံရမယ် ဒါကြောင့် မင်းဘယ်သွားသွား ဘာလုပ်လုပ် ငါသိရမယ်"

"မင်းသားက ကျွန်မကိုသာထပ်အတွေ့မခံတာ ဂရုစိုက်သားပဲနော် အဟင်း"

"မင်းကိုဂရုစိုက်တာမဟုတ်ဘူး မြူနှင်းသိင်္ဃာရဲ့ခန္ဓာကိုယ်ကို ဂရုစိုက်တာပါ"

အမြင်ကတ်လွန်းလှသဖြင့် ဗဒ္ဒရီတမင်ပြောထည့်လိုက်သည်။ အမရာကာ ထိုစကားကြောင့် မျက်နှာပျက်သွားပြီးမှ

မှော် (ေမွာ္)Where stories live. Discover now