Season-5 Ep(5)

669 40 4
                                    

Unicode

~~မှော်~~
(Season-5)
အပိုင်း(၅)

"ဟင်.. မြူတို့ရဲတိုက်ဆီပြန်မှာမဟုတ်ဘူးလား"

မြင်းရထားလေးကာ သူမတို့လာခဲ့သည့်လမ်းအတိုင်းပြန်မသွားဘဲ တောင်တန်းတွေပေါများသည့် တောင်ကြားလမ်းလေးအတိုင်း ပြေးလွှားနေသည်ကို သတိထားမိသည့်အခါ မြူအငေးလွန်နေရာမှသတိဝင်လာပြီး ဗဒ္ဒရီကိုမေးလိုက်သည်။ ဗဒ္ဒရီကအပြင်ဘက်ဆီသို့ ငေးကြည့်နေရင်းနှင့်ပင်.

"ဧကရီသုရာဗိမ္မာန်တော်ဆီသွားမလို့ပါ "

"ဧကရီသုရာဗိမ္မာန်တော်ဆိုတာဘာလဲဟင်"

"ဒီဒေသမှာမှော်တိုင်းပြည်ကြီး မတည်ဆောက်ခင်ကာလ ဟိုးလွန်လေတဲ့ နှစ်ပေါင်းရာချီလောက်က ဧကရီသုရာလို့အမည်တွင်တဲ့ နှင်းတို့ရဲ့ဘုရင်မတစ်ပါးက အုပ်စိုးခဲ့တယ်လို့ ဆိုကြတယ် ဘုရင်မဟာကြင်နာသနားတတ်တယ် လူတွေရဲ့ဆန္ဒကိုဖြည့်ဆည်းပေးရင်း ပျော်ရွှင်နေတတ်ခဲ့တယ် ဒါကြောင့်ဧကရီသုရာဘုရင်မဟာ နှင်းတောင်ဒေသရဲ့ သက်ရှိနတ်ဘုရားမတစ်ပါးအဖြစ် ချစ်ခင်ကိုးကွယ်ခြင်းခံခဲ့ရတယ် တစ်ရက်တော့ နှင်းတောင်ဟာကြီးမားတဲ့သဘာဝဘေးဒဏ်တစ်ခုကျရောက်လာဖို့အကြောင်းဖန်လာခဲ့တယ် ဒီအန္တရာယ်ကနေလွတ်မြောက်ဖို့အတွက် ဧကရီသုရာဘုရင်မက ကိုယ့်ကိုယ်ကိုယ်ယစ်ပူဇော်ပြီးစတေးခံခဲ့တယ် သူ့ရဲ့စတေးမှုအဆုံးမှာ နှင်းတောင်ဟာ အန္တရာယ်ကနေ လွတ်မြောက်ခဲ့တယ် ကျန်ခဲ့တဲ့ဒေသခံမျိုးနွယ်စုတွေဟာ သူ့ကိုဂူဗိမ္မာန်သွင်းထားပြီး အထွတ်အမြတ်ထားကိုးကွယ်ခဲ့ကြတယ် ဘုရင်မရဲ့ဝိညာဉ်ဟာနတ်ဘုရားအဖြစ် သူတို့ကိုစောင့်ရှောက်နေတယ်လို့ယုံကြည်ခဲ့တယ် နှစ်တွေကြာလာတဲ့အထိနှင်းတောင်ဒေသအတွက်စတေးသွားခဲ့တဲ့ ဧကရီသုရာဘုရင်မကို သူတို့မမေ့နိုင်ခဲ့ကြဘူးလေ နောက်တော့ ဒီဒေသကိုတစ်နေရာကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ဘုရင်က သိမ်းပိုက်လိုက်ပြီး မှော်တိုင်းပြည်ကိုတည်ဆောက်ခဲ့တယ် ဒါပေမဲ့ ဘုရင်ဟာစိတ်သဘောထားကြီးမြတ်သူမို့ အရင်ကတည်းကနေထိုင်ခဲ့တဲ့ လူမျိုးစုအနည်းငယ်ကို သီးသန့်ရွာတည်ပေးခဲ့ပြီး သူတို့ယုံကြည်မှုဖြစ်တဲ့ ဒီဧကရီသုရာဂူဗိမ္မာန်ကိုလည်း မဖျက်ဆီးခဲ့ဘူး ဒီအတိုင်းထားပေးခဲ့တယ် "

မှော် (ေမွာ္)Where stories live. Discover now