Season-3 Ep(9)

643 33 1
                                    

Unicode

~~မှော်~~
(Season-3)
အပိုင်း(၉)

"ဒီည ဒီမှာပဲအိပ်မယ် "

ထိုသို့ပြောပြီး တကယ်တမ်းကျဂူထဲတွင် မင်းသမီးရုပ်ထုကြီးနှင့်ကျန်ခဲ့သူက မြူရယ်ပင်။ ထုံးစံအတိုင်းညရောက်တော့ ဘယ်ဆီကိုမှန်းမသိ သူထွက်သွားပြန်သည်။

မြူလည်း အသက်ဝင်တော့မည့်အလား ရုပ်ကြွလွန်းသောမင်းသမီးရုပ်ထုကိုကြည့်ရင်း ကြက်သီးတွေထကာ စိုးရွံ့နေမိသော်လည်း မနေ့ညတည်းကသေချာမအိပ်ရသေးသဖြင့် အိပ်ချင်စိတ်များကပြင်းပြနေရာမှေးခနဲ့ပင် အိပ်ပျော်သွားခဲ့သည်။

ထိုအခိုက်...

"ဟင့်....ဟင့်"

နားထဲတိုးဝှေ့လာသည်က ငိုညည်းသံသဲ့သဲ့လေး။ တဖြည်းဖြည်းနှင့်ကျယ်လာသည့် ရိူက်သံကြောင့် မြူအိပ်မှုံစုံဝါးဖြင့်ထလာရင်းအံ့သြစွာတွေးလိုက်မိ၏။

ဒီနေရာကြီးမှာဘယ်ကငိုသံပါလိမ့်။

"အင်း... ဟင်း...ဟင်း "

ငိုညည်းသံနှင့်အတူ တစ်ချက်တစ်ချက် ကြားလိုက်ရသည့် နာကျင်စွာညည်းညူနေသံများ ကလည်းသူမကို အိပ်မရအောင် လှုပ်နိုးနေတော့၏။

မြူဇဝေဇဝါဖြစ်သွားရင်း အိပ်ချင်မူးတူးနှင့်ပင် ဂူထဲသို့ လှည့်ပတ်ကြည့်လိုက်မိစဉ်...

"ဟင်..."

ဂူတောင့်တစ်နေရာတွင် ကျုံ့ကျုံ့လေးထိုင်ပြီး ငိုကြွေးနေသည့််မိန်းကလေးတစ်ဦး..။ကျောပေးထားသည့်တိုင် တသိမ့်သိမ့်တုန်ခါနေသော ကျောပြင်လေးကသူမဝမ်းနည်းစွာငိုကြွေးနေမှန်း ခန့်မှန်းသိနိုင်ပါရဲ့။

"ဘယ်သူလဲဟင်..."

မြူ ထိုမိန်းကလေးရှိရာသို့တရွေ့ရွေ့သွားရင်း တုန်ယင်စွာမေးလိုက်မိသည်။ သူမကာ ငိုကြွေးနေမြဲ....

အနားရောက်လာသည့်အခါမှ မြူသတိထားမိသည်က သူမကိုယ်၌ ဝတ်ဆင်ထားသည့် ရှေးဟောင်းနန်းဝတ်နန်းစားများပင်။ ထို့နောက် ချက်ချင်းပင် မြူတုန်လှုပ်စွာတွေးလိုက်၏။

ဘုရားရေ.. ..ဒီအဝတ်အစားတွေငါမြင်ဖူးတယ် ပြီးတော့ ဒီမိန်းကလေးကိုငါသိသလိုပဲ။

မှော် (ေမွာ္)Where stories live. Discover now