Season-6 Ep(6)

615 27 2
                                    

Unicode

~~မှော်~~
(Season-6)
အပိုင်း(၆)

တူညီသောအနက်ရောင်ဝတ်စုံများဝတ်ဆင်လျက်နှင့် ပညာသာရီမျိုးနွယ်စုအားလုံး ရပ်နေကြ၏။ မီးသေနေသည့်ဖယောင်းတိုင်ကို ကိုင်ဆောင်လျက် အမှောင်ထုထဲသို့တိုးဝင်ပျောက်ကွယ်သွားခဲ့ပါသည်။ ထို့နောက်၎င်းတို့အားလုံးသည် အမှုန်တစ်မှုန်နှယ် ဝေဝါးပျက်ဆီးသွားကြကုန်၏။

ဤအရာကိုမြင်မက်ခဲ့သောဗဒ္ဒရီသည် အလွန်သွေးပျက်တုန်လှုပ်သွားရသည်။ ထိုအခြင်းအရာသည် မျိုးနွယ်ပျက်ဆီးခြင်းနိမိတ်များပင် မဟုတ်လား။

"ဒါကအိပ်မက်တစ်ခုပဲဖြစ်နိုင်ပါတယ် သိပ်အစိုးရိမ်မလွန်ပါနဲ့ညီမ ဘာမှမဖြစ်ပါဘူး"

ခင်ပွန်းဖြစ်သူဖျောင်းဖျစကားတို့က သူမ၏စိတ်ကိုမငြိမ်သက်စေနိုင်ခဲ့ပါ။ ညစဉ်ညတိုင်း အလားတူအိပ်မက်မျိုးကိုသာ ထပ်ခါထပ်ခါမြင်မက်လာသည့်အခါ သူမပို၍သွေးပျက်ခဲ့ရ၏။ များမကြာမီမှာပင် သူမထံသို့အရိပ်မည်းများရောက်ရှိလာခဲ့ကြ၏။

"အသင်မိန်းကလေး ကျွန်ုပ်တို့နှင့်နှင်းတောင်ဒေသသို့ပြန်လိုက်ရမည် သင့်မျိုးနွယ်များသင့်ကိုစောင့်ဆိုင်းနေ၏ ပညာသာရီမျိုးနွယ်စုအားလုံးတို့အတူတကွ ထွက်ခွာသွားရမည့်အချိန်တို့ ရောက်လာလေပြီ"

ထိုအရိပ်မည်းတို့သည် နတ်ဆရာများစေလွတ်သည့် အရိပ်ဝိညာဉ်များပင်ဖြစ်သည်။ သူမမှလွဲ၍ မည်သူမျှဤအရိပ်မည်းဝိညာဉ်တို့ကို တွေ့ရှိဟန်မတူပါ။ ဗဒ္ဒရီသည် အရိပ်မည်းများလာခေါ်တိုင်း အထိတ်တလန့်နှင့်ငြင်းဆန်ခဲ့၏။  သို့သော်ရက်ကြာလာသည့်အခါ ငြင်းဆန်နေရုံနှင့် ဤပြသာနာဖြေရှင်း၍မရမှန်း သူမနားလည်လာခဲ့သည်။ ထို့ကြောင့်

"ညီမတို့နှင်းတောင်ကြားသို့ အမြန်သွားရောက်ပြီး အိပ်မက်ဆိုးနဲ့အရိပ်မည်းတွေအကြောင်းကို အဖြေရှာမှဖြစ်တော့မယ်"

ဟုခင်ပွန်းဖြစ်သူကို တောင်းဆိုခဲ့သော်လည်း ကိုယ်ဝန်နှင့်မို့ ခွင့်မပြုခဲ့ပါ။ မျိုးနွယ်စုနှင့် ပတ်သက်သောကံကြမ္မာသည် သူမ၏ကလေးငယ်အပေါ် အချိန်မရွေးကျရောက်လာမည်ကိုစိုးရိမ်သောဗဒ္ဒရီသည် ခင်ပွန်းအားအတန်တန်တောင်းဆိုခဲ့သော်လည်း သွားခွင့်မပြုသည့်အဆုံးတစ်ရက်တွင်တော့.

မှော် (ေမွာ္)Where stories live. Discover now