Season-8 Ep(17)

400 38 4
                                    

Unicode

~~မှော်~~
(Season-8)
အပိုင်း(၁၇)

မှော်စာအုပ်...

အနက်ရောင်သားရေနှင့် ဟောင်းနွမ်းနေသည့် စာအုပ်တစ်အုပ်။

သို့တိုင် မယုံကြည်နိုင်လောက်သော လျှို့ဝှက်ဆန်းကြယ်မှုနှင့် အစွမ်းတန်ခိုးတွေပြည့်လျှံနေသည့် စာအုပ်။ အင်မတန်ရှေးကျသော စုန်းပညာနှင့် မှော်စွမ်းအားများဖြင့် တည်ဆောက်ထားပါသောစာအုပ်။ မှော်ပညာတတ်ကျွမ်းသည့် ရှေးကျသောမျိုးနွယ်စု(၇)စု၏စွမ်းအားကို ချုပ်ကိုင်ပြီး ထိုခေတ်ထိုအခါက အတော်ဆုံးသော စုန်းပညာရှင်မယ်နန်းဋီသျှင် ကိုယ်တိုင်ဖန်တီးပြုလုပ်ထားခဲ့သည့် စာအုပ်။

ထိုစာအုပ်သည်ချစ်ခြင်းမေတ္တာကြောင့် ဖြစ်ပေါ်လာခဲ့သည်။ ရိုးစင်းကာစစ်မှန်သော ချစ်ခြင်းမေတ္တာလေးကပဲ ဤမျှလျှို့ဝှက်ဆန်းကြယ်သောမှော်စာအုပ်ကို ဖြစ်တည်လာစေခဲ့၏။ သို့သော် ထိုချစ်ခြင်းမေတ္တာကာ တစ်ဖက်သတ်ဆန်ပြီးလွဲမှားခဲ့ဟန်တူသည်။ ချစ်ခြင်းမေတ္တာကြောင့်ဖန်တီးခဲ့သည့်စာအုပ်ကာ ချစ်ခြင်းမေတ္တာကြောင့်နှင့်ပင် သွေးစွန်းခဲ့၏။ ပျက်ဆီးယိုယွင်းမှုတွေဖြစ်ခဲ့သည်။ မြောက်မြားစွာသောလူတို့၏သွေးသားတို့အား ဝါးမြိုစားသောက်ခဲ့သည်။

စာအုပ်ပိုင်ရှင်မယ်နန်းဋီသျှင်၏အမုန်းနှင့် ဆာလောင်နေသာအငြိုးအဃာတတို့ကာ မှော်စာအုပ်အား ကြောက်မက်ဖွယ်ကျိန်စာတို့ကို ဖြစ်ပေါ်လာစေခဲ့သည်။ ဤစာအုပ်ကြောင့် လူပေါင်းများစွာသေကျေပျက်ဆီးခဲ့ရတော့၏။ ရာစုနှစ်တစ်ခုအကြာတွင်တော့ စာအုပ်တွင် တွယ်ငြိနေသော မယ်နန်းဋီသျှင်၏ဝိညာဉ်သည် အနားယူလိုဟန်တူသည်။ စာအုပ်ကိုစွန့်ခွါဖို့ တွေးခဲ့သည်။

နှစ်ပေါင်းရာချီတိုင်အောင် စွန်းထင်ခဲ့သောသွေးစက်တို့ကာ သူမကိုစိတ်ကျေနပ်သွားစေခဲ့၍လား။ သို့မဟုတ် အမုန်းနှင့်အငြိုးတွေကြားပင်ပန်းငြီးငွေ့လာ၍လား။ သေချာသည်ကတော့ သူမသည်စာအုပ်အား အခြားသူကိုလွဲပြောင်းပေးအပ်ခဲ့ပြီးနောက် ၎င်းကိုယ်တိုင် ကျိန်စာသင့်ခဲ့ရသော မှော်စာအုပ်အား ထာဝရစွန့်ခွါကာ ပျောက်ကွယ်သွားတော့၏။

မှော် (ေမွာ္)Where stories live. Discover now