Season-8 Ep(11)

479 29 2
                                    

Unicode

~~မှော်~~
(Season-8)
အပိုင်း(၁၁)

"ဘုရားရေ အသာဝတီက ဦးအဂ္ဂရှာဖွေနေတဲ့ သမီးများဖြစ်နေမလား"

ခါရာပြောပြသောပုံပြင်အဆုံးတွင်တော့ နေခအထိတ်တလန့်ရေရွတ်လိုက်သည်။ နေခစကားကြောင့် ခါရာပင်မျက်မှောင်ကုပ်သွားပြီး

"ခင်ဗျားဘာတွေပြောနေသလဲ"

"ဦးအဂ္ဂက ပညာသာရီမျိုးနွယ်စုမိန်းကလေးနဲ့ အိမ်ထောင်ကျဖူးတယ် ကျိန်စာကြောင့် သူတို့တွေကွဲကွာသွားခဲ့ရတာ နှစ်နှစ်ဆယ်ကျော်ပြီ သူ့အမျိုးသမီးက မှော်ရဲတိုက်မှာရှိနေပြီး သမီးလေးကပျောက်နေတယ် သူ့သမီးကို သူရှာနေတာ နှစ်နှစ်ဆယ်ရှိပြီ.."

ခါရာအံ့ဩသင့်သွား၏။ တကယ်တော့ သူကဦးအဂ္ဂနှင့်ရင်းနှီးကျွမ်းဝင်သည့်တိုင် ကိုယ်ရေးကိုယ်တာကိစ္စတွေဝင်စွပ်ဖက်ခြင်းမရှိပါ။ ကိုယ်တိုင်ကလည်းဘာသိဘာသိနေ၍ လျှို့ဝှက်တတ်သူမို့ အခြားသူများ၏ကိစ္စတွေကို အထွေအထူးစိတ်ဝင်ခြင်းမရှိပါ။ မုဆိုးအဂ္ဂမှာပျောက်နေသည့်သမီးလေးတစ်ယောက်ရှိနေသည်ကို ပြောဖူးလား မပြောဖူးလားပင် သူမမှတ်မိတော့ပါ။ သို့သော် နေခစကားအရဆိုလျှင် အသာဝတီသည် ဦးအဂ္ဂရှာဖွေနေသောသမီးဖြစ်နိုင်သည်။

"အေးဗျာ ကျုပ်လည်းကိုယ့်ကိစ္စကလွဲရင် ဘာမှသိပ်စိတ်မဝင်စားတတ်တော့ ဦးအဂ္ဂနဲ့ အသာဝတီကြားက ပတ်သက်မှုရှိနိုင်တယ်ဆိုတာ မစဉ်းစားခဲ့မိဘူး ဦးအဂ္ဂကိုလမ်းပြမုဆိုးတစ်ယောက်လို့ပဲ စိတ်ထဲတွေးမှတ်ထားတယ်"

"ဖြစ်တတ်ပါတယ် ခင်ဗျားအကျင့်ကိုက ဒီလိုဆိုတာကျွန်တော်နားလည်ပါတယ် ပြီးတော့ ဦးအဂ္ဂကလည်းခင်ဗျားကို သူ့သမီးနဲ့ပတ်သက်ပြီးမပြောပြခဲ့ဘူးထင်တယ် သူကလည်း မလိုအပ်ဘဲဒီကိစ္စကိုရင်မဖွင့်တတ်ဘူးဗျ ကျွန်တော်တောင်အတင်းမေးလို့ သူ့ဇာတ်ကြောင်းတွေကိုနားထောင်ခွင့်ရခဲ့တယ် ဒါကြောင့် ခင်ဗျားမဆက်စပ်မိတာနေမယ် အင်း နည်းနည်းလေးနဲ့တေ့လွဲသွားတာပဲဗျာ"

နေခမချင့်မရဲဆိုလိုက်၏။ ထို့ပြင် ဦးအဂ္ဂအတွက် ဝမ်းသာသွားရသည်။ မည်သို့ပင်ဖြစ်စေ နှစ်ပေါင်းများစွာထိတိုင် အစအနရှာဖွေမရသော သမီးဖြစ်သူအား အသက်ရှင်လျက် ပြန်တွေ့နိုင်သွားပြီ မဟုတ်လား။ ဦးအဂ္ဂသိလျှင် အဘယ်မျှဝမ်းသာသွားမည်နည်း။

မှော် (ေမွာ္)Where stories live. Discover now