Season-4 Ep(13)

819 40 7
                                    

Unicode

~~မှော်~~
(Season-4)
အပိုင်း(၁၃)

"ကိုမိုးနောင်.. "

နေခစိတ်မကောင်းစွာပင်ရေရွတ်လိုက်သည်။ ဤလူကြီးသည် သူတို့နှင့်တစ်ဖွဲ့တည်းမဟုတ်သည့်တိုင် ကိုမင်းခေါင်ကဲ့သို့မဟုတ်ဘဲ သဘောကောင်းကာနှစ်လိုဖွယ်ကောင်းသဖြင့် သူခင်မင်ခဲ့သည်။ အခုလိုအဖြစ်ဆိုးနှင့် သေဆုံးသွားရသည်ကိုမြင်တော့ အတော်စိတ်မကောင်းဖြစ်သွားရသည်။

ကြည့်ရသည်မှာ နှင်းတောင်ပြိုကျမှုတွင် ကိုမိုးနောင်တစ်ယောက်လွတ်အောင် မပြေးနိုင်ခဲ့ဘူးထင်ပါရဲ့.... ။

သူကိုမင်းနောင်အလောင်းကို နှင်းတွေနှင့် သေချာဖုံးကာမြုပ်နှံပေးရန်ပြင်လိုက်စဉ်...

"အင်း... ဟင်း ... ဟင်း "

ခပ်လှမ်းလှမ်းဆီမှညည်းညူသံကြောင့် နေခမျက်မှောင်ကုပ်မိသည်။ ထို့အတူ ဖျပ်ခနဲ့ပြေးသွားသော အရိပ်ဖြူကြောင့်လည်း တုန့်ဆိုင်းမနေဘဲ အသံကြားရာဘက်သို့ လျှောက်လာလိုက်သည်။ ထို့နောက် သူမြင်တွေ့လိုက်သည်က

"ဟင်... ဦးအဂ္ဂ"

နှင်းပုံတွေကြားမှောက်နေရင်း ညည်းညူနေသည့် ဦးအဂ္ဂ။ သူအထိတ်တလန့်နှင့် အပြေးသွားကြည့်လိုက်တော့ ဦးအဂ္ဂအခြေအနေကာ မကောင်း။ တစ်ကိုယ်လုံး ဒဏ်ရာဒဏ်ချက်တွေနှင့်အေးစက်တောင့်တင်းနေသည်။ အသက်ရူသံယဲ့ယဲ့လေးကြားနေရသဖြင့် နေခဝမ်းသာသွားပြီး ကပျာကယာပင် ဦးအဂ္ဂကိုဆွဲထူကာ နွေးထွေးသည့်နေရာတစ်ခုကို အသဲအသန်ပင်လိုက်ရှာမိတော့သည်။ သတိမေ့နေသည့် ဦးအဂ္ဂ၏သန်မာထွားကြိုင်းလွန်းသော ခန္ဓာကိုယ်ကို သူမနည်းအားစိုက်ပြီး ခဲရာခဲဆစ်ပင်သယ်လာခဲ့ရသည်။

ကံကောင်းသည်ဟုဆိုရမည်လား။ သိပ်အကြာကြီးမရှာလိုက်ရပါ။ ကျောက်ဂူလိုလို အမိုးအစွန်းထွက်နေသည့် ကျောက်စောင်တစ်ခုကိုတွေ့တော့ ဦးအဂ္ဂကိုအသာချလိုက်ပြီး..

"ဦးအဂ္ဂ... ဦးအဂ္ဂ ကျွန်တော်အသံကြားရလား ခင်ဗျားသတိထိန်ထားဦး "

"အင်း... ဟင်း"

တစ်ချက်သာညည်းညူပြီး ဦးအဂ္ဂကာ သတိပြန်မရလာသေးပါ။ နေခသက်ပြင်းချလိုက်ပြီး အနီးအနားသို့ အကဲခတ်ကြည့်လိုက်သည်။ ဖြူဖွေးနေသော နှင်းလွင်ပြင်ကြီးမှလွဲ၍ဘာမှမတွေ့။ သူစိတ်မောစွာပင်သက်ပြင်းချလိုက်သည်။ တစ်မနက်လုံးဘာမှမစားရသေးသဖြင့် ဝမ်းဗိုက်က ဟာလာဟင်းလင်းဖြစ်နေသည်။ သို့သော် သေလုမျောပါးဖြစ်နေသည့်ဦးအဂ္ဂကို အရင်ကုသပေးနိုင်ဖို့ကပိုအရေးကြီးသဖြင့် ဦးအဂ္ဂကိုဒီအတိုင်းခဏထားရစ်ကာ တစ်စုံတစ်ရာတွေ့လို့တွေ့ဌား အနီးဝန်းကျင်သို့ လျှောက်သွားမိသည်။ ပါလာသမျှပစ္စည်းတို့သည်လည်း ဘယ်နားကျကျန်ခဲ့မှန်းမသိသဖြင့် ဆေးဖက်ဝင်သည့်ဆေးမြစ်တစ်ခုခုနှင့် စားစရာရဖို့က ခုချိန်မှာအရေးကြီးနေသည်။

မှော် (ေမွာ္)Where stories live. Discover now