Season-6 Ep (1)

699 47 9
                                    

Unicode

~~မှော်~~
(Season- 6)
အပိုင်း(၁)

မှော်မင်းသား...
သို့မဟုတ် ကျိန်စာတွေနှင့်မင်းသား

ဖွေးဆွတ်နေသောအဖြူရောင်ဝတ်ရုံရှည်ကို ခြုံလွှမ်းထားပြီး မြင့်မားသောအရပ်အမောင်းတို့နှင့် ကြည့်ကောင်းလွန်းလှသော ရုပ်ရည်ရူပကာ။

ပုခုံးထိဝဲကျနေသည့်ဆံနွယ်တို့ကြား ဝင်းဖန့်နေသောမျက်နှာကာ အဝေးကကြည့်လျှင်ပင် ချောမောလွန်းလှသည်မှာ မငြင်းသာ။ နှင်းမှုန်စက်တို့ကြား တရွေ့ရွေ့လှမ်းလာသည့် မှော်မင်းသားဆိုသောပုဂ္ဂိုလ်ကို သူတို့အံ့သြမှင်သက်စွာငေးမောနေမိ၏။

အေးစက်လွန်းသောအအေးဓာတ်တွေကြား တစ်စုံတစ်ရာကာ ထူးထူးခြားခြားဖြစ်တည်နေသည်လား။ သူတို့နည်းတူ ခေါဝ်တို့သည်လည်း မလူပ်မယှက်ငြိမ်သက်သွားကြသည်။

တကယ်ကို ငြိမ်သက်သွားသည့်အခိုက်အတန့်လေးတစ်ခု.....။

သူတို့မြင်နေရသည်။ သို့သော် လှုပ်၍မရသလို စကားပြော၍လည်းမရပါ။ အရာအားလုံးကို ခံစားတွေ့မြင်နေရပါသော်ငြာလည်း မျက်တောင်ပင်မခတ်နိုင်လောက်အောင် တစ်စုံတစ်ရာကာ သူတို့ကိုချည်နှောင်ချုပ်ကိုင်ထားနေသည်။ မလှုပ်မယှက်ငြိမ်သက်စွာ ငေးစိုက်ကြည့်နေရုံမှလွဲပြီး ဘာမှမတတ်နိုင်ခဲ့ပါ။

မင်းသားကာ တစ်စုံတစ်ယောက်ဆီသို့ တည့်တည့်ဦးတည်လျှောက်သွားနေသည်။ ထိုသူကာ..

"နှိုင်းသင်္ခါ"

နှိုင်းဆတ်ခနဲ့ဖြစ်သွားသည်။ သူ့ရှေ့တွင် ရှိနေသည့် အလွန်တရာချောမောလှသောယောင်္ကျားပျိုကို မှင်သက်အံ့သြစွာငေးကြည့်နေရာမှ အသိဝင်လာပြီး

"ခင်ဗျား..... "

"ငါကမင်းအလာကိုစောင့်နေခဲ့တာလေ မင်းအခုလိုသေသွားလို့ဘယ်ဖြစ်ဦးမှာလဲ ပျော်စရာမကောင်းတော့ဘူး "

သူ့ကိုချည်နှောင်ထားသည့်ကြိုးတွေ အလိုလိုပြေကျသွားသည်။ သူအံ့သြသင့်နေစဉ်မှာပဲ ထိုသူကာ ခပ်ထေ့ထေ့ပြုံးလိုက်ရင်း

"မင်းအသက်ကို ငါကယ်ခဲ့တာမှတ်ထားနော် မင်းအသက်ကြွေးငါ့ပေါ်တင်သွားပြီ ငါပြန်ယူမှာပါ"

မှော် (ေမွာ္)Where stories live. Discover now