Season 6 Ep (2)

633 37 2
                                    

Unicode

~~မှော်~~
(Season- 6)
အပိုင်း(၂)

"မင်းသား... "

ခပ်ဖျော့ဖျော့မီးရောင်အောက်မှာ သွေးမရှိသကဲ့သို့ ဖြူဆုတ်သွားသည့်သူမမျက်နှာကိုစေ့စေ့ကြည့်ရင်း မင်းသားသည်ခပ်မဲ့မဲ့ပြုံးနေဆဲ။

"ဘယ်လိုလုပ်ပြီး ဒီ.. ဒီရောက်နေ.... "

ထစ်ထစ်ငေါ့ငေါ့နှင့်ချောက်ချားစွာဆိုလိုက်သော သူမစကားအဆုံးတွင် သူသည်သဘောကျစွာပြုံးလိုက်ပြန်ရင်း

"မင်းအတော်မလွယ်တဲ့မိန်းကလေးပဲ ဒီလိုလျှို့ဝှက်စာကြည့်ခန်းအထိတောင် ခိုးဝင်လာနိုင်တယ်"

"ကျွန်မ...... "

"မင်းမှာဒီလိုအရည်အချင်းရှိမှန်း အခုမှသိရတော့တယ် ငါမင်းကိုလျော့တွက်ထားမိတာပဲ"

"......... "

"ပြောစမ်းပါဦး. ဒီအခန်းထဲမှာမင်းအတွက် ဘာတွေအရေးတကြီးစိတ်ဝင်စားစရာရှိလဲ မင်းအသက်နဲ့တောင်ရင်းပြီး မကြောက်မရွံ့နဲ့"

သူရွဲ့ပြောသည်လည်း မြူမသိပါ။ သေချာသည်ကတော့ ကြောက်ရွံ့လွန်းနေသောသူမ၏နှုတ်ခမ်းတို့ကာ ဆွံ့အနေတော့၏။ စူးရဲတောက်ပလွန်းသော သူ့အကြည့်တွေအောက်တွင် ရုတ်ချည်း ပျောက်ကွယ်သွားပစ်ချင်လောက်အောင် တုန်လှုပ်နေမိသည်။

"ငါမင်းကို မေးနေတယ်လေမြူနှင်းသိင်္ဃာ"

အနည်းငယ်ခက်ထန်တင်းမာသွားသည့်သူ့လေသံကြောင့် သူမကိုယ်လေးဆတ်ခနဲ့တုန်သွားရသည်။ ဇောချွေးတွေပျံလာရင်း အထိတ်တလန့်နှင့်

"ကျွန်မ... ကျွန်မ ဟို.."

တစ်စုံတစ်ရာပြောရန်ကြိုးစားသော်လည်း အသံကထွက်ကျမလာပါ။ သူတစ်ချက်ပြုံးလိုက်ပြန်ရင်း

"မင်းတို့မိန်းမတွေက အတော်နားလည်ရခက်တာပဲ အန္တရာယ်ရှိမှန်းသိရက်နဲ့ စပ်စုချင်တဲ့စိတ်ကို မထိန်းနိုင်ကြဘူး "

"ကျွန်မ ကျွန်မ မတော်တဆ ဒီအခန်းထဲ ရောက်လာတာပါ တခြား တခြားဘာ ရည်ရွယ်ချက်မှမရှိ မရှိပါဘူး"

"ဟုတ်လား..."

ကြိုးစားအားတင်းပြီးပြောလိုက်သည့်သူမစကားအဆုံး ယုံကြည်တာလည်းမဟုတ်ဘဲ ပုခုံးတွန့်လိုက်ပုံက သူမကိုလှောင်ပြောင်သရော်နေဟန်။ စူးရဲလွန်းသည့်အကြည့်တို့ကို မခံရပ်နိုင်သဖြင့် မြူမျက်လွှာချထားမိသည်။ စိတ်ကိုတည်ငြိမ်အောင်ကြိုးစားနေသည့်ကြားမှ သူမကိုယ်လေးမှာတဆက်ဆက်တုန်ယင်နေလို့။

မှော် (ေမွာ္)Where stories live. Discover now