Season-8 Ep(9)

509 29 0
                                    

Unicode

~~မှော်~~
(Season-8)
အပိုင်း(၉)

အသာဝတီ...

နာခ်ခါပျိုမျိုးနွယ်စုထံတွင်တလှည့်၊ မိစ္ဆာဃာအံမျိုးနွယ်စုထံတလှည့် ပျော်ရွှင်စွာ နေထိုင်လာရင်း တစ်ရက်တွင်တော့ နာခါရ်ပျိုသခင်မကာ သူမအားခေါ်ယူတွေ့ဆုံပြီး

"သမီးငယ် အသာဝတီ သမီးဟာ လူလားမြောက်အရွယ်ရောက်လာပြီဖြစ်တဲ့အတွက် သိသင့်သိထိုက်တဲ့ သမီးဘဝအကြောင်းကို သိဖို့အချိန်တန်ပြီ.."

ဟုဆိုလျက် လျှို့ဝှက်ဖုံးကွယ်ထားခဲ့သော သူမဘဝအကြောင်းတို့ကိုပြောပြခဲ့လေသည်။ အသာသည် သူမဘဝအစစ်အမှန်ကို သိသွားသောအခါ အလွန်အံ့ဩတုန်လှုပ်သွားရှာသည်။

"အသာက ပျောက်ကွယ်သွားတဲ့ ပညာသာရီမျိုးနွယ်သူနဲ့ လူသားမုဆိုးတစ်ယောက်ရဲ့ သမီး"

"ဟုတ်တယ်သမီး သခင်မက ဒီအကြောင်းအရာကိုပြောပြရတာဟာ သမီးကိုဒီဒေသကလွဲပြီး ဘယ်မှသွားလာခွင့်မပြုပေးတာကို တင်းကျပ်တဲ့စည်းမျဉ်းတွေနဲ့ ချုပ်ကိုင်ထားတယ်လို့ အထင်လွဲနေတဲ့အတွက်အကြောင့်ပါ ပြီးတော့ ခေါင်းမာတတ်တဲ့သမီးငယ်လေးဟာ သွားလာချင်စိတ်ပြင်းပြလာတဲ့အခါ ခိုးထွက်သွားမှာကို စိုးရိမ်မိတယ် ဒါကြောင့် သခင်မဟာ မဖြစ်သင့်တာတွေဖြစ်မလာဖို့အတွက် သမီးဘဝမှန်အကြောင်းကို ပြောပြဖို့ဆုံးဖြတ်ခဲ့တာပါ သမီးဟာအသက်(၂၀)မပြည့်မချင်း မှော်ကျိန်စာရဲ့ လောင်းရိပ်အောက်မှာ ရှိနေတုန်းပါပဲ သမီးအခြားဒေသတွေကိုသွားလာနေရင် မှော်က သမီးကိုဖမ်းမိသွားလိမ့်မယ် သမီးအသက်ကိုသူပိုင်တဲ့အတွက် သမီးအတွက် သေခြင်းတရားကလွဲပြီး ဘယ်အရာမှဖြစ်လာတော့မှာမဟုတ်ဘူး"

သူမ၏ဘဝမှန်ကိုသိသွားသည့် အသာသည် ကြေကွဲဝမ်းနည်းနေရှာ၏။ သို့သော် သူမသည် ကျိန်စာအတွက် အနည်းငယ်စိတ်ရှုပ်ထွေးသွားဟန်ဖြင့်

"အသာနားမလည်ဘူးသခင်မ အသာက မှော်ကျိန်စာအောက်ကနေထွက်ပြေးနေရတယ်ဆို ဒီဒေသကရော မှော်မင်းသားရဲ့လက်အောက်မှာရှိတဲ့နေရာမဟုတ်ဘူးလား ဘာဖြစ်လို့မှော်က ရှာမတွေ့ရသလဲ တကယ်ဆို အသာကိုသာရှာဖွေနေရင် အချိန်မရွေးတွေ့နိုင်တာပဲ ဘယ်အရာကဖုံးကွယ်ထားနိုင်ခဲ့လို့လဲ."

မှော် (ေမွာ္)Where stories live. Discover now