Season-2 Ep(5)

870 53 0
                                    

Unicode

~~မှော်~~
(Season-2)
အပိုင်း(၅)

နက်ရိူင်းသောအမှောင်ထုကြီးတွင် ရှည်လျားစွာ ကူးခတ်ပြီးသည့်နောက် မောပန်းနာကျင်စွာနှင့် သူမမျက်လုံးတွေဖွင့်လာတော့..

"ဟင်..."

သူမသည် သူမအိပ်ရာထက်ဝယ် အိပ်စက်နေ၏။ စောင်အထူကြီးက သူမအပေါ်ခြုံလွှားထားသဖြင့် နွေးနွေးထွေးထွေးပင်ရှိနေသည်။

သို့သော် ညကသူမအပြင်ဘက်တွင် ထိတ်လန့်စရာအခြေအနေနှင့် ရှိနေခဲ့သည်။ ကြောက်စရာကောင်းသောအရိပ်ဆိုးတွေ လိုက်လာသဖြင့် ပြေးလွှားရင်းခြေထောက်ညှပ်ခဲ့၏။ ထို့နောက် အထိတ်တလန့်ရုန်းကန်ရင်း ကြောက်ရွံ့တုန်လှုပ်စွာပင် မေ့မျောသွားခဲ့သည် မဟုတ်လား...

ယခုနိုးထလာတော့ သူမအိပ်ရာပေါ်တွင်ပဲ ရှိနေခဲ့၏။ ဒါမှမဟုတ် ညကအိပ်မက်မက်နေသည်လား။

အတွေးဖြင့် အိပ်ရာမှထလိုက်စဉ်..

"အ..."

ခြေထောက်ကာ ကျင်ခနဲ့နာကျင်သွားသည်ကို အထိတ်တလန့် သတိပြုမိတော့ မြူအံ့ဩတုန်လှုပ်သွားမိသည်။ သူမခြေထောက်တစ်ဖက်က တကယ်ထိခိုက် နာကျင်နေပါလား။

ဒါဆိုညက အဖြစ်အပျက်တို့က အမှန်ဖြစ်ခဲ့သည်လား။

သို့တိုင် အိပ်မက်လိုလိုနှင့်ယောင်ဝါးဝါး ရှိနေဆဲ။ နှင်းပေါက်ထဲကျွံ့ကျခဲ့သည့်ခြေထောက်ကို အသဲအသန်ဆွဲထုတ်ရင်း ချောက်ချားစွာ မေ့မျောသွားခဲ့ရသည့်အဖြစ်တို့က ထင်ယောင်ထင်မှား ဖြစ်နေဆဲ။

ခြေထောက်တစ်ဖက်ကလည်း အထိမခံအောင် နာကျင်နေသည်မို့ တကယ်ဖြစ်ခဲ့မည်ထင်သည်။ သို့သော် သူမကရော ဘယ်လိုလုပ်အိပ်ရာပေါ် ပြန်ရောက်နေသလဲ။ ပြီးတော့ ညကအိပ်ရာဝင်ခဲ့သည့် အဝတ်အစားအတိုင်း အားလုံးပုံစံမပျက်ဘဲ ရှိနေဆဲပါလား။

"အား..."

တွေးလေရူပ်ထွေးလေဖြစ်လာကာ သူမခေါင်းတွေ ထိုးကိုက်လာတော့သည်။ ထိုအခိုက် ဗဒ္ဒရီက အငွေ့တထောင်းထောင်းထနေသော ထမင်းဟင်းတို့ကို သယ်ဆောင်ရင်း အခန်းထဲဝင်လာကာ

"မင်းခြေထောက် ဒဏ်ရာမပျောက်မချင်း မနက်စာကို အခန်းထဲမှာပဲ သက်သောင့်သက်သာ စားပါ"

မှော် (ေမွာ္)Where stories live. Discover now