Ep(2)

1.7K 90 0
                                    

Unicode

~~မှော်~~
(Season-1)
အပိုင်း(၂)

"တူ...တူ...တူ"

အဆက်မပြတ်မြည်လာသည့် ဖုန်းသံကြောင့် မြူလန့်နိုးလာပြီး ဖုန်းကိုလှမ်းယူကြည့်လိုက်တော့ နိူင်း..

"ဟဲလို... "

"မြူအသံကအိပ်ချင်မူးတူးနဲ့ မထသေးဘူးလား"

"အင်း.. ညကတော်တော်နဲ့အိပ်မပျော်လို့ပါ"

"ဘာစိတ်ညစ်စရာကိစ္စရှိလို့လဲ မြူ မနေ့ညကလည်းထွက်သွားပြီး ခုထိဖုန်းပြန်ဆက်မလာဘူး"

"ဒီလိုပါပဲ နည်းနည်းစိတ်ရူပ်စရာလေးရှိနေလို့ ဖုန်းမဆက်မိတာပါ"

"ထားပါတော့ ဒီနေ့လပြည့်နေ့ ဘုရားသွားဖို့ ငါလာခေါ်မယ်"

"ဟင့်အင်း ဒီနေ့မမမွေးနေ့ ဆေးရုံမှာအလှူလုပ်မလို့ ငါမေမေ့ကိုကူပေးရမယ်"

"ဟုတ်လား ငါရောဘာကူပေးရဦးမှာလဲ"

"ရတယ် မမကိစ္စနဲ့ပတ်သက်ပြီး သူစိမ်းလူတွေ မပါစေချင်ဘူး မေမေတို့လည်း ကြိုက်မှာမဟုတ်ဘူး "

ငါကသူစိမ်းပဲတဲ့လား မြူရယ်။

ရင်ထဲမကောင်းဖြစ်သွားသော်လည်း ထိုစကားကို မြူစိတ်ရူပ်သွားမည်စိုး၍ သူပြောမထွက်ရက်ခဲ့ပါ။

"အင်းလေ ဒါဆိုလည်းနောက်ရက်မှ တွေ့ကြတာပေါ့ အစစအရာရာ ဂရုစိုက်နော် "

"အင်း ဒါပဲနော် ငါရေမိုးချိုးဦးမယ်"

ဖုန်းချပြီးသည်နှင့် မြူရေချိုးခန်းထဲဝင်တော့သည်။ ရေချိုးပြီးတော့ လူကအနည်းငယ်လန်းဆန်းလာသည်မှာအမှန်။ အောက်ထပ် ထမင်းစားခန်းတွင် မေမေတို့ကအသင့်စောင့်နေသည်။ မေမေကမြူ့ကိုမြင်တော့

"လာသမီးငယ် ခုပဲမိငယ်ကိုသွားခေါ်ခိုင်းတော့မလို့ပဲ "

"ဆောရီးပါမေမေ မြူအိပ်ယာထနောက်ကျသွားတယ်"

"စားပြီးရင် ဆေးရုံတန်းသွားရမယ် ဖေဖေမနေ့က သမီးအစ်မကြောင့် ထိခိုက်ဒဏ်ရာရသွားတဲ့ ဆရာမလေးတွေအတွက် ဆရာဝန်ကြီးနဲ့လိုအပ်တာ စီစဉ်ရမယ် သမီးကသမီးအမေနဲ့အလှူမှာ ကျွေးမွေးဖို့ကိစ္စကူပေးလိုက်ပါ"

မှော် (ေမွာ္)Where stories live. Discover now