Season-4 Ep(9)

628 37 0
                                    

Unicode

~~မှော်~~
(Season-4)
အပိုင်း(၉)

"ဒါကြောင့် ခင်ဗျားကလမ်းပြမုဆိုးအလုပ်ကို စွန့်လွတ်ခဲ့တာကို.. "

ဦးအဂ္ဂ၏လွမ်းဆွတ်နာကျင်ဖွယ်ကောင်းသော ပုံပြင်လေးအဆုံးမှာ နေခစိတ်မကောင်းစွာ ဆိုလိုက်သည်။ ဦးအဂ္ဂက မီးသေနေသည့် ဆေးလိပ်ကိုကိုင်ထားရင်း အဆုံးမဲ့အမှောင်ထုကြီးကို ငေးကြည့်နေဆဲ။

ဦးအဂ္ဂထံမှနာကျင်မှုတို့က သူ့ကိုပါ လာရိုက်ခတ်သွားသည်ထင်သည်။ စိုစွတ်သော နာကျင်မှုများက ရင်ထဲသို့ခပ်ပါးပါးတိုးဝင်လာခဲ့ရင်း..

"မှော်တိုင်းပြည်ကိုလမ်းပြဖို့ ခင်ဗျားသဘောတူခဲ့တာက ခင်ဗျားသမီးကို ထပ်ရှာဖို့အတွက်ကြောင့်ပဲမဟုတ်လား "

"........ "

"ခင်ဗျားသူ့ကိုရှာတွေ့မယ်လို့ယုံကြည်ထားလား"

ဦးအဂ္ဂထံမှသက်မောရှည်ကြီးချသံထွက်လာ၏။ ထို့နောက်အမှောင်ထုကြီးကို ငေးစိုက်ကြည့်နေရင်းပင်

"နှစ်နှစ်ဆယ်ကြာခဲ့ပြီ.. အကယ်၍သူသာ အသက်ရှင်နေသေးမယ်ဆိုရင် သူ့အပေါ်အုပ်မိုးနေတဲ့ ကံကြမ္မာဆိုးလည်း အဆုံးသတ်သွားခဲ့ပြီ မှော်ကျိန်စာလောင်းရိပ်အောက်ကနေ သူမရှိတော့ဘူး ကျုပ်သူ့ကို လွပ်လွပ်လပ်လပ်ရှာဖွေနိုင်ပြီ ဒါပေမဲ့ ဒီနှစ်နှစ်ဆယ်အတွင်းမှာ ကံကြမ္မာဆိုးကို သူမလွန်နိုင်ခဲ့ရင်.."

"သူကောင်းကောင်းအသက်ရှင်နေမှာပါဦးအဂ္ဂ"

"ကျုပ်လည်းမျှော်လင့်ပါတယ် "

ဦးအဂ္ဂအသံကဖျော့တော့တော့။ မျှော်လင့်ခြင်းတွေဟာ သူ့ကိုနှစ်နှစ်ဆယ်လုံး ပင်ပန်းနွမ်းနယ်စေခဲ့သည်မဟုတ်လား။

ထို့နောက်.. သူတို့စကားဆိုစရာမရှိသကဲ့သို့ တိတ်ဆိတ်နေကြ၏။ ညသည်ပို၍ အေးစိမ့်လာရင်း အတောမသတ်နိုင်သည့် အမှောင်ထုအောက်မှာ လူသားနှစ်ယောက်ကတော့ ကိုယ်စီအတွေးများနှင့် နွမ်းလျနေလျက်......။
................ ........... .......................... .......

ဥက္ကံဌာအရပ်ဒေသတဲ့။

နက်ရိူင်းသော အသူတရာချောက်ကြီးတွေ၊
လမ်းစမမြင်နိုင်သည်အထိ တဖွဲဖွဲကျနေတတ်သည့်နှင်းမှုန်စတွေနှင့် ပတ်ဝန်းကျင်တစ်ခွင်လုံး အစဉ်ဝေဝါးနေတတ်သည့်အရပ်။
ညအချိန်တောင်နံရံတွင် အလင်းများ ဖြာထွက်နေတတ်သည့် ထူးဆန်းသည့်ဒေသ။

မှော် (ေမွာ္)Where stories live. Discover now