Season-8 Ep(12)

496 46 2
                                    

Unicode

~~မှော်~~
(Season-8)
အပိုင်း(၁၂)

"မင်းသားသူ့ကို လာကာကွယ်တယ် ပြီးတော့ သူ့ဒဏ်ရာတွေကို ဆေးကုပေးတယ်"

အရူးတစ်ယောက်လိုတတွတ်တွတ်ဆိုနေရင်း အမရာက အခန်းထဲခေါက်တုန့်ခေါက်ပြန် လျှောက်နေသည်မှာ အကြိမ်ပေါင်းမနည်းတော့ပါ။

"ပြီးတော့ ငါပိုင်တဲ့မိန်းကလေးတဲ့ ဒါဘာအဓိပ္ပာယ်လဲ ဘာသဘောနဲ့ဒီလိုပြောရသလဲ"

"မဟုတ်ဘူး မင်းသားက အဲ့ဒီ့မိန်းမအပေါ် ဒီလောက်မလေးနက်နိုင်ပါဘူး မဖြစ်နိုင်ဘူးl

"ငါအတွေးလွန်နေတာ မင်းသားမှာ အချစ်မှမရှိတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

တစ်ယောက်တည်း ရေရွတ်လိုက်၊ ငြင်းပယ်လိုက်၊ ခေါင်းခါလိုက်နှင့် အမျိုးမျိုးအလုပ်ရှုပ်နေသော အမရာကိုကြည့်ရသည်မှာ စိတ်နှင့်ကိုယ်ကပ်ဟန်မတူ။ ထို့အပြင် အလွန်အမင်းစိတ်လှုပ်ရှားကာ စိတ်မတည်မငြိမ်နေပုံရ၏။ အခန်းရှေ့ရပ်ကာ သူမကိုအကဲခတ်ကြည့်နေသော ဗဒ္ဒရီကိုလည်းမြင်ပုံမရ။

ဗဒ္ဒရီအမရာကိုအကဲခတ်လိုက်သည်။ အလွန်အမင်း စိတ်တုန်လှုပ်နေပုံရသည်။ မျက်နှာအပျက်ပျက်နှင့် တစ်ယောက်တည်းစကားတွေ တတွတ်တွက်ပြောနေသည်။ တစ်ချက်တစ်ချက် ပြုံးလိုက်မဲ့လိုက်နှင့် စိတ်တွေအစိုးရဟန်မရှိ။

အမရာဖြစ်နေသည်ကိုကြည့်ပြီး ဗဒ္ဒရီသည်ပင် အံ့ဩသွားရသည်။ သူမယခုကဲ့သို့ စိတ်တွေတုန်လှုပ်ချောက်ချားနေသည်မျိုးကို မမြင်ခဲ့ဖူးပါ။ ထို့ကြောင့်လည်း မနေသာဘဲ မေးလိုက်သည်။

"မင်းဘာတွေဖြစ်နေသလဲ အမရာ"

အသံပြုလိုက်မှ အမရာက ဗဒ္ဒရီရောက်နေမှန်း သတိပြုလိုက်ကာ..

"ဟင့်အင်း.. ဘာမှမဖြစ်ပါဘူး"

"ဟုတ်လို့လား မင်းပုံစံကြည့်ရတာ တစ်ခုခုပဲ"

"အို မဖြစ်ဘူးလို့ပြောပြီးပြီလေ ကျွန်မက ဘာဖြစ်ရမှာလဲ စကားများလိုက်တာ"

မကျေမနပ်နှင့်ခပ်ဆတ်ဆတ်ပြန်ဖြေလိုက်ပုံက တစ်စုံတစ်ရာကိုအကြောက်အကန် ငြင်းဆန်နေသည့်နှယ်။ ချက်ချင်းပင်ထိုင်ခုံတစ်ခုံတွင် ဝင်ထိုင်လိုက်ပြီး ဗဒ္ဒရီအားမကြည်သောအကြည့်တွေနှင့်

မှော် (ေမွာ္)Where stories live. Discover now