Season -8 Ep(1)

537 29 1
                                    

Unicode

~~မှော်~~
(Season-8)
အပိုင်း(၁)

"အသာဝတီ.." တဲ့

ကောင်းကင်ထက်ကနတ်ပန်းကဲ့သို့ပင် သူမကလှသည်။ သို့သော် နူးညံ့လှပခြင်းတွေနှင့် တန်ဆာဆင်ထားသည်တော့မဟုတ်ပါ။ ထက်မြက်ရဲရင့်သည်ထက်ပိုသော မိန်းကလေး။

သူမရောက်ရှိလာသည့်အချိိန်ကို သူမှတ်မိပါသေးသည်။ ထိုစဉ်က သူအသက်(၁၂)နှစ်ဝန်းကျင်လောက်ရှိမည်ထင်သည်။

"ခါရာ.. ဒီမှာသားညီမလေးကိုကြည့်ပါဦး"

နာခ်ခါပျိုမျိုးနွယ်စုခေါင်းဆောင်သည် အမျိုးသမီးတစ်ယောက်ဖြစ်ပြီး သူနှင့်ရင်းနှီးခင်မင်သည်။ သူမသည် သူအားမွေးကင်းစကလေးငယ်လေးအားလာပြခဲ့သည်။ ထိုအချိန်မှစ၍ သူ့ဘဝထဲတွင် အသာဝတီဆိုသောနတ်ပန်းလေး တစ်ပွင့်စတင်ဖူးပွင့်ခဲ့သည်။

"သခင်မကလေးလား ဘယ်တုန်းကမွေးလိုက်သလဲဟင်"

ကလေးမွေးပါက ကိုယ်ဝန်အရင်ဆောင်ရသည်ကိုကြားဖူးသောခါရာက ဟိုတစ်ပတ်ဆုံတွေ့စဉ်က ဗိုက်ပြားပြားလေးနှင့်ရှိသေးသော နာခ်ခါပျိုသခင်မက ယခုအခါကလေးပိုက်လျက် ရောက်လာသဖြင့် တအံ့တဩဆိုလိုက်မိသည်။ ခါရာစကားကြောင့် နာခ်ခါပျိုသခင်မက သဘောကျစွာရယ်မောလိုက်ရင်း

"ဟုတ်တယ် သခင်မကလေးလေ ကောင်းကင်ကနေပြုတ်ကျလာလို့ ဖမ်းပွေ့ထားလိုက်တာ"

ထိုစဉ်က သူ့မှာသခင်မပြောသည်ကို အဟုတ်ထင်မှတ်ခဲ့သေးသည်။ ထို့ကြောင့် ကလေးနာမည်ကိုဘယ်လိုပေးရင်ကောင်းမှာလဲဟု သခင်မမေးစဉ်က

"ကလေးလေးက ပန်းကလေးလိုလှတယ် ဒါကြောင့် သူ့ကိုပန်းနာမည်ပေးရင်အရမ်းလိုက်မှာပဲနော် အင်း ကောင်းကင််မှာပွင့်တဲ့နတ်ပန်းဆိုတော့ အသာဝတီဆိုကောင်းမှာလား"

"အသာဝတီ အို.. လှလိုက်တဲ့နာမည်လေး ခါရာကပေးတတ်လိုက်တာ သခင်မဒီနာမည်လေးကို သဘောကျတယ်ကွယ်"

သို့နှင့် နှင်းကဲ့သို့ဖြူဆွတ်သောအသားအရည်နှင့် လှပချစ်စဖွယ်ကောင်းသောကလေးမလေးအား အသာဝတီဟုအမည်တွင်ခဲ့သည်။

နောက်ပိုင်းကလေးငယ်နှင့်ပတ်သတ်၍ သူသိခဲ့သည်ကာ မိစ္ဆာဃာအံမျိုးနွယ်စုအတွက် ဆက်ခံသူမရှိသဖြင့် ကလေးတစ်ယောက်ပေးဖို့ရန် နှင်းတောင်ဘွားဘွားထံ တောင်းဆုခြွေရာမှ နှင်းတောင်ဘွားဘွားက ဤကလေးငယ်အားယူဆောင်ပေးလာခဲ့၏။ ကလေးငယ်သည် အင်မတန်နုနယ်လွန်းနေသေးရာ မိစ္ဆာဃာအံမျိုးနွယ်စုကဲ့သို့သောကြမ်းတမ်းခက်ထန်သည့်နေရာ၌ မွေးမြူရန်မအပ်စပ်သဖြင့် မျိုးနွယ်စုခုနှစ်စုတွင် တစ်ဦးတည်းသောအမျိုးသမီးခေါင်းဆောင်ဖြစ်သည့် နာခ်ခါပျိုမျိုးနွယ်ထံ အပ်နှံခဲ့ခြင်းဖြစ်သည်။

မှော် (ေမွာ္)Where stories live. Discover now