Season-3 Ep(13)

660 35 2
                                    

Unicode

~~မှော်~~
(Season-3)
အပိုင်း(၁၃)

သတိရလာသည်နှင့် အရင်ခံစားမိလိုက်သည်က နာကျင်မှုတွေတနင့်တပိုး.... ။

ပင်ပန်းကြီးစွာမျက်လုံးကိုဖွင့်လိုက်တော့ ပိတ်မှောင်းနေသည့်အမှောင်ထုကြီးကိုသာ မြင်လိုက်ရသည်။

သူမဘယ်ရောက်နေပါလိမ့်...။

တစ်ကိုယ်လုံးကိုင်ရိုက်ထားသကဲ့သို့ နာကျင်နေသည့်ကြားမှ အလင်းရောင် ရှာမတွေ့တော့ အထိတ်တလန့်ဖြစ်သွားရသည်။

ဘာသံမှမကြားရသည်ထိ တိတ်ဆိတ်နေသည့် ပတ်ဝန်းကျင်ကြောင့်လည်း ပို၍သွေးပျက်နေမိ၏။ အချိန်ကြာ ဆောက်တည်ရာမဲ့နေရင်းမှ စိတ်ငြိမ်လာသည်နှင့် သူမဘာဖြစ်ခဲ့သည်ကို အသဲအသန် စဉ်းစားလိုက်သည်။

"မင်းလိုမိန်းမမျိုးကိုငါမုန်းတယ် မြူနှင်းသိင်္ဃာ"

တောင်အောက်သို့တွန်းချမခံမီနောက်ဆုံးကြားလိုက်ရသည့်စကား...။ ပြီးနောက် သူမတောင်အောက်သို့ ပြုတ်ကျသွားခဲ့သည်ပဲ...။

အချိန်ကြာမြင့်စွာမေ့မျောသွားခဲ့ပြီးနောက် ပြန်သတိရလာသည့်အခါ မြူသည် နာကျင်ခြင်းနှင့်အတူ အမှောင်ထုထဲသို့ ရောက်နေခဲ့သည်။

သူမဘာလို့ဒီအမှောင်ထဲရောက်နေသလဲ
ဒါမှမဟုတ် သူမသေသွားခဲ့ပြီလား။

အတွေးဖြင့် ဆို့နင့်ဝမ်းနည်းလာရင်း မျက်ရည်များကတပေါက်ပေါက် စီးကျလာတော့သည်။ အဖြစ်အပျက်တို့ကို ပြန်စဉ်းစားမိသည်နှင့် မြူရင်သည်မခံရပ်နိုင်အောင် နာကျင်လာခဲ့၏။

ရက်စက်သောသူ့စကားလုံးတို့အတွက် ရှက်ရွံ့သိမ်ငယ်မိရင်း မှားယွင်းစွာ ရင်ခုန်မိသည့်အတွက် ကိုယ့်ကိုယ်ကိုယ်ပဲ ထပ်ခါထပ်ခါ အပြစ်တင်နေမိသည်။

သို့သော် မြူတကယ်ရင်ခုန်ခဲ့ပါသည်။
မြူ့ခံစားချက်တို့သည် စစ်မှန်ခဲ့သည့်အတွက် ဘာအတွက်ရှက်ရွံ့နာကျင်နေရမည်နည်း။

နှိုင်းနှင့်ချစ်သူဖြစ်ခဲ့သည့်အတွက် လိပ်ပြာမလုံစရာကောင်းသည်ကလွဲ၍ ဒီရင်ခုန်ခြင်းတို့အတွက် မြူနောင်တမရမိသည်ကို ရူးမိုက်စွာ ဝန်ခံချင်ပါသည်။

မှော် (ေမွာ္)Where stories live. Discover now