Season-4 Ep(7)

711 42 2
                                    

Unicode

~~မှော်~~
(Season-4)
အပိုင်း(၇)

"ဝေါင်း... "

ကြောက်မက်ဖွယ်ဟိန်းသံနှင့်အတူ ကျောက်တောင်တွေကြား ဖြူဆွတ်နေသော ကျားဖြူကြီးကို ရုတ်တရက်မြင်တွေ့လိုက်ရတော့ အဂ္ဂတို့တစ်ဖွဲ့လုံး ထွက်ပြေးဖို့ရန်မေ့လျောစွာ မှင်သက်သွားခဲ့သည်။

နှင်းတောင်ဒေသတွင်အရက်စက်ဆုံး သားကောင်ကြီး။ နှင်းမုဆိုးတိုင်း ကြောက်ရွံ့ရသော သေမင်းတမာန်အကောင်ကြီး။

ယခု.. ထိုအကောင်ကြီးနှင့် သူတို့ ထိပ်တိုက်တိုးခဲ့ချေပြီ။ သို့သော်သူတို့အားလုံး ကြောက်ရွံ့ဖို့ရန်ပင်မေ့လျော့သည်အထိ ကျားဖြူကြီးကို မှင်သက်စွာ ငေးကြည့်နေကြ၏။

အဘယ်ကြောင့်ဆိုသော ကျောက်တောင်ထိပ်တွင် ဝံ့ကြွားစွာရပ်နေသည့်ကျားဖြူကြီးမှာ အင်မတန်လှပလွန်းနေသည်ကို။

ဆွတ်ဆွတ်ဖြူနေသောအမွှေးအမျှင်များနှင့် ကြီးမားထည်ဝါသောကိုးတောင်ကျားကြီးကာ ဖွေးဖွေးလှုပ်နေသော နှင်းပုံတွေကြား သိပ်ကိုလှပလွန်းနေသည်။ စူးရဲနေသော မျက်ဝန်းတို့ကာ ရက်စက်ကြမ်းကြုပ်မှုနှင့် ပါးနပ်လိမ္မာမှုတို့ကို ထင်သာမြင်သာတွေ့နေရ၏။ မာန်ဖီးလျက် သူတို့အဖွဲ့အား စူးစိုက်ကြည့်နေသည်မှာလည်း ကြောက်စရာအတိနှင့်။

သို့သော် ကျားဖြူကြီးကိုတစ်ခါမှမတွေ့ဖူးခဲ့သော သူတို့လိုမုဆိုးအတွက်ကတော့ ချက်ချင်း မျက်နှာမလွဲနိုင်ကြသေးပါ။ ကျားဖြူကြီးကို မှင်သက်စွာပင် တမေ့တမော ငေးကြည့်နေမိကြသည်။

"ဝေါင်း.... "

ဒုတိယအကြိမ်ကျားဟိန်းသံထွက်လာမှ သူတို့အားလုံးသတိဝင်လာပြီး အဂ္ဂအထိတ်တလန့်ဖြစ်သွားကာ

"ကျားဖြူ... ကျားဖြူပါလား ငါတို့ဒီကောင်ကိုတိုက်ခိုက်လို့မရနိုင်ဘူး အားလုံးထွက်ပြေးကြ လွတ်အောင်သာ ပြေး... "

ကျားဖြူနှင့်မဆုံခဲ့ဖူးသော်လည်း နှင်းမုဆိုးတို့အလယ် ရက်စက်ကြမ်းကြုတ်ကာ ပါးနပ်လွန်းလှသော ကျားဖြူအကြောင်းကို ကြားခဲ့ရဖူးသည်မို့ သူတို့တွေသွေးပျက်သွားသည်မှာ မဆန်းပေ။

မှော် (ေမွာ္)Where stories live. Discover now