Season-5 Ep(8)

556 32 0
                                    

Unicode

~~မှော်~~
(Season- 5)
အပိုင်း(၈)

အရှေ့တွင်လာချပေးထားသည့် စားကောင်းသောက်ဖွယ်ရာများကိုကြည့်ပြီး သူတို့မှာ ဝမ်းသာအားရပင် မစားနိုင်အောင်ဖြစ်ရသည်။

"ကျုပ်ကိုသူတို့ကအစိမ်းစားဖို့အတွက်မှ မဟုတ်တာ ယဇ်ပူဇော်ဖို့ဖမ်းလာတာလေ ဒီကာလမှာသူတို့ယုံကြည်တဲ့နတ်ဘုရားကို ပူဇော်ဖို့အတွက် ဝဝလင်လင်ကျွေးမွေးထားတယ်ပဲပြောရမှာလား ဝက်ကိုမသတ်ခင်အသားတိုးအောင် အစာကျွေးသလိုပေါ့ ခင်ဗျားတို့ကိုလည်း သူတို့ယဇ်ပူဇော်လိမ့်မယ်"

ခါရာစကားကိုပြန်ကြားယောင်တော့ စားနေရင်းနင်နင်လာရသည်။ ခါရာကမူ ပေါ့ပါးစွာပင် အားပါးတရစားသောက်နေသဖြင့် သူတို့အတော်အံ့သြနေမိ၏။ နိူင်းမနေသာတော့ဘဲ

"ခင်ဗျားပြောတော့ ကျွန်တော်တို့ကို အခုလိုကျွေးမွေးထားတာ ဝက်ကိုအသားတိုးစေတဲ့ ရည်ရွယ်ချက်ဆို... "

"အင်း... ဟုတ်တယ်လေ "

"တစ်ကိုယ်လုံးကိုဆီနဲ့သုတ်လိမ်းပြီး အရှင်လတ်လတ်မီးကင်ပစ်ဖို့အတွက် ဝလင်အောင်ကျွေးမွေးတဲ့အစားအစာကို ခင်ဗျားပေါ့ပေါ့ပါးပါးမျိုချနေတယ်နော်"

"ဒါဆိုရင် ခင်ဗျားကမစားဘဲနေမှာလား သေမှာချင်းအတူတူကို အရသာရှိရှိ သုံးဆောင်သွားတာပိုမကောင်းဘူးလာ "

ခါရာကအေးအေးဆေးဆေးပင်ပြန်ပြောနေရာ နိူင်းဘာဆက်ပြောရမည်မှန်းပင်မသိတော့ပေ။ နေခက ခါရာကိုမသင်္ကာပုံနှင့် အကဲခတ်ကြည့်နေရင်း

"ခင်ဗျားမှာဘာအကြံအစည်ရှိလဲ ခါရာ"

"ကျုပ်လား.... "

"ယစ်ပူဇော်ပြီးသေရမဲ့အရေးကို ဘာပူပင်သောကမှမရှိတာမထူးဆန်းဘူးလား ခင်ဗျားကြည့်ရတာ နည်းနည်းလေးတောင် မတုန်လှုပ်သလိုပဲ"

ခါရာတစ်ချက်ပြုံးလိုက်ပြီးနောက် ကိုက်လက်စကြက်ပေါင်ကို အပြီးသတ်စားလိုက်၏။ စားပြီးသွားသည့်အခါကျမှ

"ကျုပ်က မီးနဲ့သေမဲ့ဇာတာမပါဘူး "

"ဘယ်လို"

"ကျုပ်အချိန်အကြာကြီးအသက်ရှင်သွားမဲ့ ဇာတာရှိနေတယ်လေ ယုတ္တိမတန်ဘူးပဲပြောပြော ကျုပ်ကကျုပ်ကံကြမ္မာကိုယုံကြည်တယ်"

မှော် (ေမွာ္)Where stories live. Discover now