Season-7 Ep(6)

517 29 3
                                    

Unicode

~~မှော်~~
(Season-7)
အပိုင်း(၆)

"ရှင်အဆင်ပြေရဲ့လား မြူနှင်း"

မင်းသမီးစကားကြောင့်သူမကခပ်ယဲ့ယဲ့လေးပြုံးမိရင်း...

"ဟုတ်ကဲ့... ပြေပါတယ်"

ပြေပါတယ်ဟုဆိုသော်လည်း မျက်နှာက ညှိုးငယ်လွန်းနေသည်ကိုတော့ ညာမရပါ။ ဒီရက်ပိုင်းအတွင်းမှာပင် မျက်နှာလေးက သိသိသာသာချောင်ကျသွားသည်။ ညတွေမှာလည်း အိပ်မပျော်၍ ထင်သည်။ မျက်လုံးလေးတွေက ဟက်ပက်လေးဖြစ်နေရှာသည်။

အဘယ်မျှစိတ်ထောင်းကိုယ်ကြေဖြစ်နေရှာသနည်း။ သူမရင်ထဲကနာကျင်မှုတွေကတော့ အတိုင်းအဆမဲ့နေသည်ကိုနားလည်သည့်အတွက် မင်းသမီးသက်ပြင်းလေးချလိုက်ရင်း....

"ဖြစ်ပြီးခဲ့သမျှတွေဟာ ပြန်ပြင်ဆင်လို့ မရတော့ပါဘူး ပြန်တွေးနေသမျှ ရှင်ပဲစိတ်ပင်ပန်းရလိမ့်မယ် ဒါကြောင့် ပြန်မစဉ်းစားပါနဲ့တော့ ရှင်နာကျင်သမျှဟာ မတန်ဘူးဆိုတာသိထားပါ"

"......... ................ "

"ရှင့်ကိုရှင်လည်းအပြစ်တင်မနေပါနဲ့ အင်း.. ရှင်ကမိုက်မဲလွန်းခဲ့ပေမဲ့လည်း အနည်းဆုံးတော့ ချစ်ခြင်းမေတ္တာတစ်ခုအတွက် ရှင်အမှားကင်းခဲ့ပါတယ် "

မင်းသမီးစကားကြောင့် သူမမချိစွာပြုံးလိုက်မိ၏။ ထို့နောက် သဘောကျစွာပင် ရေရွတ်လိုက်သည်။

"ချစ်ခြင်းမေတ္တာအတွက်တဲ့လား"

"ဟုတ်တယ်.. ရှင်အမှားကျူးလွန်ခဲ့မိတယ်ဆိုရင်တောင် ရှင့်နှလုံးသားအတွက်ရှင့်မှာအပြစ်မရှိပါဘူး"

"ကျွန်မကိုမနှစ်သိမ့်ပါနဲ့တော့ မင်းသမီးရယ် ကျွန်မဘယ်လောက်မိုက်မဲခဲ့မှန်း ကျွန်မကိုကျွန်မသိပါတယ် ကျွန်မကလေ..... "

ရုတ်တရက် သူမခပ်တိုးတိုးလေးထရယ်၏။ ခံစားနာကျင်လွန်း၍ စိတ်သက်သာလို့သက်သာဌား ရယ်မောလိုက်ခြင်းဖြစ်မည်။ နှုတ်ခမ်းလေးကိုလည်း ဖိကိုက်ထားရင်းနှင့်

"သနားစရာကောင်းလောက်အောင် ကိုယ့်ကိုယ်ကိုယ်အထင်ကြီးလွန်းခဲ့တယ် ကျွန်မသူနဲ့နီးစပ်သွားပြီလို့ ထင်ခဲ့တာ ကြည့်စမ်း.. ဘယ်လောက်ရူးလဲ"

မှော် (ေမွာ္)Where stories live. Discover now