အပိုင်း ၄

4.8K 454 4
                                    

#သတ်ဖြတ်သူသွေးနတ်ဘုရား chapter (4)
  (God of Slaughter)

Author   :Ni Cang Tian
Translate by   :Soe Paing Hmue

အခန်း(4) အစမ်းသပ်ခံ ကြွက်များ

     မြင့်မားလှသော သစ်ပင်ကြီးများက မြစ်ငယ်လေးအထက်တွင် ဧရာမထီးကြီးများမိုးထားသကဲ့သို့ အုံ့ဆိုင်းစွာပေါက်ရောက်နေသည်။အထုပ်အပိုးများ သယ်ပိုးထားသော မြေနဂါးကြီးတစ်ကောင်က မြစ်ဘေးတွင် ရေသောက်ဆင်းနေ၏။

သိုင်းသမားလူသန်ကြီး ဆယ်ဦးခန့် နဂါးကြီးဘေးတွင် ဝိုင်ဖွဲ့စားသောက်နေကြရင်း ဖရုသဝါစာများ ပြောဆိုရီမောနေကြသည်။နဂါးကြီး၏ နောက်ဘက်တွင်တော့ သံကြိုးများခတ်ခံထားရခါ ပိန်လှီဖျော့တော့နေသောလူအချို့ သူတို့၏ ညံ့ဖျင်းသောအစားအစာများကို ငုံ့ဝပ်စားသောက်နေကြ၏။

နဂါးကြီးပေါ်မှ ဝေါယဉ်ပေါ်တွင်တော့ ခံစားချက်မဲ့သော မျက်နှာသေကြီးနှင့် အဘိုးအိုတစ်ယောက် ထိုင်နေသည်။ထိုလူကြီးသည် ရင်ဘတ်တွင်ပန်းထိုးထားသော အနက်ရောင်ဝတ်ရုံကြီးကို ဝတ်ဆင်ထားသည်။သံကြိုးခတ်ခံထားရသူများနှင့် သိုင်းသမားများကို မျက်စိဒေါက်ထောက်ကြည့်နေ၏။အဘိုးကြီး၏ ရက်စက်မှုများလွှမ်းခြုံသည့် အကြည့်တစ်ချက် သူတို့ပေါ်ဝေ့လာချိန် သိုင်းသမားလူသန်ကြီးများအားလုံး ကျောထဲမှစိမ့်တက်လာကြပြီး တိတ်ဆိတ်သွားကြသည်။

''အားလုံးပြီးကြပြီလား...ဖင်ကျောက်ချမနေကြနဲ့ သွားကြမယ်''

ခက်ထန်သော မျက်နှာထားနှင့် မိုယန်းယီ ရောက်ရှိလာသည်။လက်တစ်ဖက်တွင် ရှီယန် ကုတ်ကုတ်ကလေးပါလာ၏။

သိုင်းသမားများလဲ စားလက်စများကို ကမန်းကတန်း ထုပ်ပိုးလိုက်ကြပြီး နေရထိုက်ရခက်သွားကြဟန်ဖြင့်

''ဟုတ်ကဲ..ပြီးပါပြီ။ ကျနော်တို့ပြီးပါပြီ..''

မိုယန်းယီသည် အဖိုးကြီးထံလျှောက်သွားလိုက်ပြီး စိတ်မပါသောအပြုံးကိုတပ်ဆင်ကာ

''မာစတာ ကာရု..စားပြီးပြီလား''

ဘိုးတော်က အေးစက်စက် ခေါင်းတစ်ချက်ငြိမ့်ပြလိုက်ပြီး ငြီးတွားဟန်ဖြင့် ရေရွတ်လိုက်သည်။

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now