အပိုင်း ၂၂

3K 290 1
                                    

God of Slaughter (chapter – 22)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၂၂) ရှီမိသားစု

Marchant တိုင်းပြည်၊ တီအန်းမြို့။
ရှီမိသားစုခြံဝင်းထဲရှိ ကျောက်သားအခန်းဆောင်တစ်ခုထဲတွင်ဖြစ်သည်။

တည်တည်တန့်တန့်ရုပ်ရည်ရှိသောလူတစ်ဦး ကျောက်တုံးခုံပုတစ်လုံးပေါ်တွင်ထိုင်နေသည်။သူက ယန်ဟိုင်ဖြစ်သည်။ယန်ဟိုင်က ကျဉ်းမြောင်းစူးရှသောမျက်လုံးများဖြင့် စာရင်းစာအုပ်ကို တစ်ရွက်ချင်းလှန်နေသည်။သူက လစဉ် ကုန်ထုတ်လုပ်မှုမှတ်တမ်းများကို ရှီမိသားစု၏ခေါင်းဆောင် ရှီဂျန်အား တင်ပြနေခြင်းဖြစ်သည်။

ရှီဂျန်က အသက် ၇၀ ထဲဝင်ရောက်လာပြီဖြစ်သော်လည်း ကျန်းမာရေးကောင်းမွန်တုန်းပင်ဖြစ်သည်။ဦးခေါင်းတွင် ဆံပင်ဖြူတစ်ချောင်းပင်မရှိ။ရှီမိသားစု၏ မိသားစုခေါင်းဆောင်ဖြစ်နေသော်လည်း သူက သိုင်းကျင့်ရာတွင်ဝတ်ဆင်သော ရိုးရိုးဗြောင် ၀တ်ရုံကြမ်းကိုသာ ၀တ်ဆင်ထားသည်။အညိုရောင် ကျောက်တုံးခုံပုပေါ်တွင်ထိုင်ကာ ယန်ဟိုင်၏ တင်ပြချက်များကိုနားထောင်နေသာသူ့ပုံစံက အေးချမ်း၍ နှိမ့်ချတတ်သောဟန်ရှိသည်။

ယန်ဟိုင်က အသေးစိတ်အစီရင်ခံပြီးနောက်တွင် ရှီဂျန် မျက်မှောင်ကြုံ့သွားပြီး မှတ်ချက်ချလိုက်သည်။
“ဟိုင်…ပြီးခဲ့တဲ့လတွေရဲ့ ကုန်ထုတ်မှုနှုန်းက ၂၀ ရာခိုင်နှုန်းလောက် ကျဆင်းသွားတယ်နော်…ဘာဖြစ်တာလဲ…”

“ဒါတွေအကုန်လုံးက မိုမိသားစုနဲ့ လင်းမိသားစုတွေကြောင့်ပေါ့…”
ယန်ဟိုင်က တစ်နေရာသို့ ငေးစိုက်နေရင်း
“ကျွမ်းကျင်လုပ်သား အတော်များများကို သူတို့က လစာကောင်းကောင်းနဲ့ မက်လုံးပေး ခေါ်ထုတ်သွားတယ်လေ…ခုဆို ကျွန်တော်တို့မှာ လူ့အရင်းအမြစ် ဆုံးရှံးနေပြီ…ဒီနောက်ပိုင်း မိသားစုနှစ်ခုနဲ့ တိတ်တဆိတ်တိုက်ပွဲတွေမှာ ကျွန်တော်တို့ အခြေအနေမကောင်းဘူးလေ…ကျွန်တော်တို့မိသားစု ရှုံးရိပ်ပြလာတာရယ် လစာကောင်းကောင်းနဲ့ ကမ်းလှမ်းတာတွေရယ်ကြောင့် အလုပ်သမားတွေ ဘက်ပြောင်းကုန်ကြတယ်လေ…”

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now