အပိုင်း ၂၅

2.9K 285 1
                                    

God of Slaughter (chapter – 25)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၂၅) တစ္ဆေ

     ရှီယန်က ဓါးမြှောင်ကိုထုတ်လိုက်ပြီး သစ်ပင် နှစ်ပင်၏ ပင်စည်တွင် လိပ်ပြာပုံသဏ္ဍန် ရေးခြစ်လိုက်သည်။

ထို့နောက် တစ်ပင်ပေါ်သို့ တွယ်တက်သွားလိုက်ပြီး လက်မောင်းလုံးခန့် သစ်ကိုင်းရှည်တစ်ခုကို ဖြတ်ချလိုက်သည်။ထိုသစ်ကိုင်းကို အပိုင်းငါးပိုင်းထပ်ပိုင်းလိုက်ပြီးနောက် ထိပ်ဖျားများကို ချွန်လိုက်သည်။ထို့နောက် မြွေခုနှစ်မျိုးအဆိပ်ကိုထုတ်ယူကာ ချွန်ထက်သောအပိုင်းများတွင် အလျှင်အမြန် သုပ်လိမ်းလိုက်သည်။

အားလုံးပြီးဆုံးသည်အထိ နှစ်မိနစ်ခန့်သာကြာလေသည်။

သူခန့်မှန်းထားသည့်အတိုင်းပင် မာန်စွယ်ကြေးစားတပ်ဖွဲ့မှ တိမော်နှင့် ကင်းမိုတို့နှစ်ယောက် ရောက်ရှိလာကြတော့သည်။

တိမော်နှင့် ကင်းမိုတို့သည် ရှီယန်နှင့် မိန်းကလေးနှစ်ယောက်အား အေးအေးဆေးဆေးပင် သဘောထားဟန်တူသည်။သစ်ပင်များကြားဖြတ်သန်းနေကြရင်းပင် ဒီယာလန်းအား မည်သို့ မည်ပုံ ပျော်ပါးပစ်လိုက်မည်ကို ယုတ်တီးယုတ်ပတ် ဆွေးနွေးလာကြသေး၏။

“၀ှီး..၀ှီး..”
သစ်ကိုင်းချွန်နှစ်ချောင်းက သစ်ရွက်များကိုဖြတ်ပြီး တိမော်နှင့် ကင်းမိုထံ ပျံသန်းသွားကြသည်။

တိမော်ကတော့ ဂရုပင်မစိုက်ပါ။သူ့လက်ထဲမှ ပုဆိန်ကြီးကို အသာအယာဝှေ့ယမ်းလိုက်ပြီး သစ်ကိုင်းချွန်နှစ်ခုကို ခုတ်ဖြတ်ပစ်လိုက်လေသည်။သူက တစ်ချက် ရယ်လိုက်ရင်း
“ဒီလူတွေ တော်တော် သနားဖို့ကောင်းတယ်…ငါတို့ကိုတိုက်ခိုက်ဖို့အတွက် သစ်ကိုင်းတွေသုံးတယ်တဲ့…ဟားဟား…ငါတို့ကို တော်တော်လျှော့တွက်တာပဲ…”

“သနားစရာကောင်လေး…”
ကင်းမိုကလဲ ခေါင်းကိုခါယမ်းလိုက်ရင်း လှောင်ပြောင်သရော်လိုက်သည်။

“၀ှီး..၀ှီး..၀ှီး…”
နောက်ထပ် သစ်ကိုင်းချွန်သုံးခုက ထပ်မံပစ်လွင့်လာပြန်သည်။

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now