အပိုင်း ၄၄

2.7K 231 0
                                    

God of Slaughter (chapter – 44)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၄၄) အသံမဲ့မြို့တော်

     “ကျေးဇူးတင်ပါတယ် တတိယသခင်လေးရှင့်…”
မုယီဒီးက သိမ်မွေ့စွာ မတ်တပ်ထရပ်လိုက်ပြီးနောက် သူမ၏ ဗျက်စောင်းကို ပြန်သိမ်းလိုက်သည်။
လခြမ်းကွေးတမန်တော်၏ စိတ်ရှုပ်ထွေးနေသောမျက်လုံးများကိုသေချာကြည့်ရင်း သူမက ပြောလိုက်သည်။
“ဒီခရီးအထိ လိုက်ပါလာခဲ့ပြီးမှ ခုလို ကံကြမ္မာရဲ့ လှည့်စားမှုမျိုးကြုံတွေ့ရလိမ့်မယ်လို့ ထင်မထားခဲ့ဘူးမဟုတ်လား…”

“ဘိန့်မင်ချီ… ဒါက အမှောင်ကမ္ဘာနဲ့ မု မိသားစုကြားက ကိစ္စပဲ… မင်းတို့ ဘိန့်မင်မိသားစုက ၀င်မပါရင်ကောင်းမယ်ထင်တယ်…”
လခြမ်းကွေးတမန်တော်က မုယီဒီးကို ဂရုမစိုက်ပဲ ဘိန့်မင်ချီကိုသာ စိုက်ကြည့်ရင်းပြောလိုက်သည်။
“မုမိန်းကလေးကို ငါခေါ်သွားဖို့ မင်းခွင့်ပြုပေးမယ်ဆိုရင် အမှောင်ကမ္ဘာရဲ့ သခင်ကြီးက မင်းတို့ဘိန့်မင်မိသားစု တောင်းဆိုသမျှကို ချီးမြှင့်ပါလိမ့်မယ်…”

“မလိုဘူး…”
ဘိန့်မင်ချီက ခေါင်းခါယမ်းလိုက်ရင်း အေးဆေးစွာပြောသည်။
“မင်းတို့ ဒီနေရာထိရောက်နေကတည်းက မင်းတို့အားလုံး သေသင့်နေပြီ…”

သူ့စကားဆုံးသွားသည်နှင့် သူ့နောက်မှ လူအိုကြီးနှစ်ယောက်က လျှင်မြန်စွာ ပျံသန်းသွားကြသည်။

“အား…”
“အမယ်လေး…”
အဖိုးကြီးနှစ်ယောက်က မာရ်နတ်မင်းနှစ်ပါးပမာ ရိပ်ကနဲလှုပ်ရှားသွားပြီးနောက် စက္ကန့်ပိုင်းအတွင်းမှာပင် လခြမ်းကွေးတမန်တော်အပါအ၀င် အမှောင်ကမ္ဘာမှ တမန်တော်အားလုံး လှုပ်ရှားချိန်ပင်မရလိုက်ပဲ ရင်ဘတ်များ ဟက်တက်ကွဲကာ ကိုယ်တွင်းအင်္ဂါများထွက်ကျလာပြီးလဲကျသေဆုံးသွားကြသည်။

တမန်တော်အားလုံးကို ပူးပေါင်းလှုပ်ရှားမှု တစ်ချက်ထဲနှင့် အသေသတ်ပစ်လိုက်ကြပြီးနောက် ထိုကြောက်စရာအဖိုးကြီးနှစ်ယောက်က တစ္ဆေအရိပ်နှစ်ခုပမာ ဘိန့်မင်ချီနောက်တွင် တိတ်ဆိတ်စွာ ရပ်နေကြပြန်သည်…။

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now