အပိုင်း ၁၀၁

2.1K 218 2
                                    

God of Slaughter (chapter – 101)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၁၀၁) မှတ်မိပြီ

ဘိန့်မင်ချီက ဆွဲငင်အားနယ်ပယ်ထဲ ကျရောက်သွားသည်။

ရှီယန်ဖန်တီးထားသော ယင်ကီနှင့် ကီစုစည်းမှု ပေါင်းစပ်ထားသည့် ဆွဲငင်အားနယ်ပယ်က သဘာဝအတိုင်း လှည့်ပတ်လျှက်ရှိပြီး လူတစ်ယောက်၏ ခန္ဓာကိုယ်လှုပ်ရှားမှုများကို ကန့်သတ်ထားနိုင်စွမ်းရှိသည်။

ဘိန့်မင်ချီက မျက်နှာပျက်လို့သွား၏။

အတွင်းဖက်တွင် အဆက်မပြတ်ဝဲလည်လှည့်နေခြင်းကို သူ ဘယ်လိုမှ မရပ်တန့်နိုင်ပဲဖြစ်နေသည်။
ပထမ စက္ကန့်အနည်းငယ်အတွင်း သူက ဇောက်ထိုးကြီးဖြစ်နေပြီး နောက်ပိုင်းတွင် သူ့ခန္ဓာကိုယ်က စက်လုံးအတွင်း လုံးထွေးလည်ပတ်နေလေတော့သည်။
ဟန်ချက်ကို ဘယ်လိုမှ မထိန်းထားနိုင်တော့။

ဖန်တီးသူဖြစ်သောရှီယန့်အပေါ်တော့ ဆွဲငင်အားနယ်ပယ်က သက်ရောက်မှုမရှိပါ။သူက ပထမ ဘိန့်မင်ချီ အခြေအနေကို သေချာအကဲခတ်နေပြီးနောက် စတင်လှုပ်ရှားလေတော့သည်။

“ဘုန်း…ဘုန်း…ဗြောင်း…ဗြောင်း…”

ရှီယန်က ဘိန့်မင်ချီထံသို့ နဂါးတစ်ကောင်၏အားမာန်ဖြင့် တိုးဝင်သွားပြီးနောက် လက်နှစ်ဖက်ဖြင့် ဆွဲကိုင်က ဒူးဖြင့်တိုက်သည်။
သေမင်းလက်ချောင်းသိုင်းပညာကို ဖော်ထုတ်ကာ ခါးဆစ်ရိုးသို့ ထိုးချလိုက်သည်။

“ထန်..ထန်..”

မာကြောသောအရာများ ကျိုးပဲ့သွားသံလိုမျိုး ထွက်ပေါ်လာသည်။

ဘိန့်မင်ချီ၏ ၀တ်ရုံအောက်တွင် ကိုယ်ချပ်အင်္ကျီတစ်ခုရှိနေပြီး သလင်းကြေးခွံများသဖွယ် အရေပြားနှင့်ကပ်နေခြင်းဖြစ်သည်။
ထိုအကာအကွယ်မှ အေးစိမ့်သောအငွေ့အသက်များ ထွက်ပေါ်နေသည်။

သေမင်းလက်ချောင်းက ထို သလင်းကြေးခွံအကာအကွယ်ကို ထိုးဖောက်နိုင်စွမ်းမရှိခဲ့ပါ။
ဘိန့်မင်ချီ၏ ၀တ်ရုံပေါ်တွင် အပေါက်ကလေးများဖြစ်သွားရုံသာတတ်နိုင်ခဲ့ပါသည်။

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now