အပိုင်း ၄၂

2.6K 244 1
                                    

God of Slaughter (chapter – 42)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၄၂) ခွဲခွာခြင်းမှတ်တိုင်

     ကျောက်တုံးလွင်ပြင်ထဲရှိ ဧရာမ ကျောက်တုံးကြီးနံဘေး နေရိပ်ထဲတွင်…

မိုကျားချီ၊ ဘားနပ် နှင့် လခြမ်းကွေးတမန်တော်တို့ ပျင်းရီငြီးငွေ့စွာ ထိုင်စောင့်နေကြသည်။

ခနနေတော့ ခပ်ဝေးဝေးဆီမှ ကြယ်တမန်တော်တစ်ယောက် ထွက်ပေါ်လာပြီး သူတို့ထံ ပြေးလာသည်။လခြမ်းကွေးတမန်တော်အနီးသို့ရောက်သောအခါ အရိုအသေပေးလိုက်ပြီးနောက်
“သတင်းမရသေးပါဘူး ဆရာ…”

လခြမ်းကွေးတမန်တော်က ခေါင်းငြိမ့်ကာ လက်တစ်ဖက်ဝှေ့ယမ်းလိုက်ပြီးနောက်
“ဖြတ်သွားတဲ့လူတွေကို ဆက်စောင့်ကြည့်နေ…မပေါ့လျော့စေနဲ့…”

“ဟုတ်ကဲ့”
ကြယ်တမန်တော်က သတင်းပို့ပြီးနောက် ပြန်လည်ပြေးထွက်သွားကာ ကျောက်တုံးများကြား ၀င်ရောက်ပျောက်ကွယ်သွားသည်။

တစ်နာရီခန့်ကြာပြီးနောက်…

လက်တစ်ဖက်ပြတ်နေသော ဂျွန်ဆင်ကြီး၏ပုံရိပ်က အခြားတစ်ဖက်ဆီမှ ထွက်ပေါ်လာသည်။
သူက မိုကျားချီထံလျှောက်လာကာ အလေးပြုလိုက်ပြီးနောက်
“သတင်းမရပါဘူး…”

“ကောင်းပြီ”
မိုကျားချီက ခေါင်းငြိမ့်လိုက်ပြီး
“ဆက်စောင့်ကြည့်နေ…သူတို့ ထွက်မလာပဲနေမှာမဟုတ်ပါဘူး…”

“တတိယခေါင်းဆောင်…အမှောင်တောနက်ထဲက မိစ္ဆာသားရဲတွေလက်ချက်နဲ့ သူတို့တွေ သေသွားပြီလားမသိဘူးနော်…”
ဂျွန်ဆင်က ဆုပ်ဆိုင်းဆိုင်းနှင့် မေးလိုက်သည်။
“ပြောကြတာက ကျွန်တော်တို့ တောအုပ်ထဲကထွက်လာပြီးနောက်ပိုင်း မိစ္ဆာသားရဲတွေက ရူးသွပ်ကုန်ကြတယ်တဲ့…သိုင်းသမားတွေ အများကြီး အသတ်ခံကြရတယ်…သူတို့တွေ ပျောက်နေတာလဲကြပြီဆိုတော့…”

“ဖြစ်ချင်လဲဖြစ်မှာပေါ့…”
မိုကျားချီက မငြင်းပဲ ခေါင်းငြိမ့်လိုက်သည်။
“ဒါပေမဲ့ သူတို့က မိစ္ဆာသားရဲတွေကြောင့် မသေပဲ Merchant တိုင်းပြည်ကို ထွက်ပြေးလွတ်မြောက်သွားမယ်ဆိုရင်တော့ ငါ့တို့ ဘာမှမတတ်နိုင်တော့ဘူး…
ငါပြောတာသဘောပေါက်လား…”

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now