အပိုင်း ၁၅၄

1.8K 189 0
                                    

God of Slaughter (chapter - 154)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၁၅၄) သတ်

လင်ဒါက မုတ်ဆိတ်နှင့် ကုံတို့နှစ်ယောက် တဖြည်းဖြည်း ပိတ်ဆို့ကာ ချဉ်းကပ်လာနေခြင်းကို ခံနေရသည်။
သူမ၏ လက်ထဲသို့ ဓါးမြှောင်နှစ်ချောင်းရောက်ရှိလာပြီးဖြစ်သည်။

လင်းရှောင်ချန်း၏နောက်မှ လူသားအဆင့် သိုင်းသမားငါးယောက်သည်လည်း ရှေ့ထွက်လာပြီးနောက် လင်ဒါ့ဘေးနှစ်ဖက်မှ ညှပ်ပိတ်ထားလိုက်ကြသည်။

အန္တရာယ်အဆင့် နှစ်ယောက်နှင့် လူသားအဆင့် ငါးယောက် အ၀ိုင်းခံရခြင်းဖြစ်သည်။
သူမအတွက် ထွက်ပြေးလွတ်မြောက်ရန် ဘယ်လိုမှ မဖြစ်နိုင်တော့ချေ။

လင်းရှောင်ချန်းက စိတ်လက်ပေါ့ပါးနေသည်။
သူက ဘီးတပ်ကုလားထိုင်ပေါ်တွင် ကျောမှီကာ အညောင်းတစ်ချက်ဆန့်လိုက်သည်။
သူ၏ ရှည်လျားသော မျက်ဝန်းများကတော့ ရမ္မက်ဆန်သော ကောက်ကျစ်မှုများ ပြည့်နှက်လို့နေသည်။

လင်ဒါနှင့် ခုနှစ်မီတာခန့်သာဝေးသောနေရာတွင် ရှီယန်က ထူးဆန်းသောအမူအယာဖြင့် မဲ့ပြုံးပြုံးနေပြီး လင်ဒါ့အနီးချဉ်းကပ်နေသူများကို တည်ငြိမ်စွာ စိုက်ကြည့်နေသည်။

"နင်...အရှက်မရှိတဲ့ကောင်..."
လင်ဒါက နှုတ်ခမ်းလေးကိုပြတ်လုမတတ်ကိုက်လိုက်မိသည်။
သူမ၏မျက်ဝန်းများက အမုန်းများဖြင့် တောက်ပနေရင်း
"ငါ တစ္ဆေဖြစ်သွားရင်တောင် နင့်ကို ခွင့်မလွှတ်ဘူး..."

ရှီယန်က အရေးမစိုက်ဟန်ဖြင့် ပုခုံးတွန့်လိုက်ရင်း
"ငါ့ကို အပစ်မတင်ပါနဲ့...ငါလဲ အသက်ရှင်ချင်တယ်လေ...အသက်ရှင်နေသ၍ ကံကြမ္မာဆိုတာ ကိုယ့်လက်ထဲမှာပဲမဟုတ်လား..."

"သိက္ခာမရှိတဲ့ကောင်..."
လင်ဒါက စူးရှစွာ အော်ဟစ်လိုက်ပြီးနောက် ရုတ်တရက် ရှေ့သို့ ခုန်ထွက်လိုက်လေသည်။
သူမလက်ထဲမှ ဓါးမြှောင်နှစ်လက်ဖြင့် မြွေရိုင်းနှစ်ကောင်ကခုန်ခြင်းသိုင်းပညာကို ထပ်မံဖော်ထုတ်လိုက်လေသည်။
ဓါးမြှောင်များက ဓါးအလင်းဖြင့် ဖုံးလွှမ်းသွားပြီးနောက် အရောင်တူ ဖဲကြိုးနှစ်ခုပမာ လှပစွာ ဝေ့၀ဲ ထွက်ပေါ်လာလေသည်။

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now