အပိုင်း ၁၄၉

1.8K 175 0
                                    

God of Slaughter (chapter – 149)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၁၄၉) စိတ်ဝိဥာဉ် တိုက်ခိုက်မှု

ရှီယန်က သူ့ ထုံးစံအတိုင်း သတ္တာကြီးကြီးတစ်ခုရှာကာ တက်အိပ်နေပြန်သည်။

သူ့ခန္ဓာကိုယ်ထဲတွင်တော့ ကီစုစည်းမှုက အဆက်မပြတ် လှည့်ပတ်နေဆဲဖြစ်ပြီး တဖြည်းဖြည်းချင်း ပြန်လည်ပြည့်ဝနေသည်။

ကုန်းပတ်ပေါ်တွင်တော့ လရောင်က တောက်ပစွာ ဖြာကျလျှက်ရှိပြီး အချိန်ကတော့ ညဉ့်နက်နေပြီဖြစ်သည်။

လင်ဒါအပါအ၀င် ကုန်းပတ်ပေါ်ရှိ လူဆယ့်နှစ်ယောက်တို့သည် ပတ်ဝန်းကျင်ကို သတိမပြတ် စောင့်ကြည့်နေကြဆဲဖြစ်၏။

အရေအတွက်များပြားလှသော ကြေးခွံစိမ်းသားရဲများက လှေနောက်သို့ ဆက်လက်လိုက်ပါနေဆဲပင်ဖြစ်သည်မဟုတ်လော…။

ဒါဇင်ပေါင်းများစွာသော ကြေးခွံစိမ်းသားရဲများက အခုထိ လက်မလျှော့ကြသေးသောကြောင့် လင်ဒါတို့သည် အနားယူရန် မစဉ်းစားရဲကြပါ။

သိုင်းသမားဆယ့်တစ်ယောက်တို့က အုပ်စုခွဲကာ လှေကို အထက်အောက် ရှေ့နောက် အဆက်မပြတ် စစ်ဆေးလျှက်ရှိကြသည်။
အထူးသဖြင့် အဆင့်လေး ကြေးခွံစိမ်းသားရဲများ လှေဝမ်းကို ထိုးဖောက်လေမည်ကို အစိုးရိမ်ရဆုံးပင်ဖြစ်၏။

လှေက တျန်းဆောင်ကျွန်းစုနှင့် အလွန်ဝေးကွာခဲ့ပြီဖြစ်ပြီး အနီးအနားတွင်လဲ ဘာကျွန်းမှ မရှိပါ။
အဆင့်လေး ကြေးခွံစိမ်းသားရဲများကသာ လှေကို ထိုးဖောက် ဆုတ်ဖြဲလိုက်လျှင် သူတို့က ရေနစ်သေရုံသာရှိတော့သည်။

ထို့ကြောင့် လှေကို ခြစ်ရာလေးတစ်ရာပင် ထင်စေရန် ခွင့်မပြုနိုင်သော အနေအထားတွင် ရှိနေသည်။

ရှီယန့်ကို မေးမြန်ခြင်းမှ အချည်းအနီး အကျိုးမဲ့ဖြစ်ခဲ့ပြီးနောက် လင်ဒါက သူ့ကို ဂရုပင် မစိုက်တော့ပါ။
လှေကိုသာ ပိုက်စိတ်တိုက် လိုက်လံစစ်ဆေးလျှက်ရှိသည်။

ကာမွန်းနှင့် သိုင်းသမားတော်တော်များများမှာလဲ ရှီယန့်ကို မတည့်သောကြောင့် ခုလို အရေးကြီးသောအခြေအနေမျိုးတွင် အဖက်လုပ်မနေကြတော့ပါ။

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now