အပိုင်း ၁၉၆

1.7K 182 2
                                    

God of Slaughter (chapter – 196)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၁၉၆) ဦးတည်ချက် ပြောင်းသွားခြင်း

မိစ္ဆာနယ်မြေသားခေါင်းဆောင်သည် အရိုးဖြူစက်သွားနှစ်ခုကို ဆုပ်ကိုင်ကာ ထွက်ပေါက်တွင် ပိတ်ရပ်နေသည်။
သူက ဟုချင်းမန်ကို ဒေါသတကြီး စိုက်ကြည့်နေသော်လည်း ချက်ခြင်း မတိုက်သေးပါ။

သူ၏နောက်မှ ထွက်ပေါက်တွင် ကျောက်တုံး ကျောက်ပဲ့များ ပြိုကျလာနေတုန်းပင်ဖြစ်သည်။

အချိန်ခနလေးအတွင်း ကျောက်တိုင်ကျောက်တုံးကြီးများ ဂူဝတွင် ပိတ်ဆို့ကုန်ပြီဖြစ်သည်။

ဂူပေါက်ဝ ပြိုကျလာနေစဉ်အတွင်း နောက်ထပ် မိစ္ဆာကောင်တစ်ယောက်က ကိုယ်ကို နှိမ့်ချကာ လျှောကနဲ ၀င်ရောက်လာပြန်သည်။
ထိုကြေးခွံနက်မိစ္ဆာသည်လည်း သုံးမီတာခန့်ရှည်လျားပြီး တည်ငြိမ်သော ဟန်ပန်ရှိသည်။

အခြား မိစ္ဆာနယ်မြေသား လေးယောက်ကတော့ အ၀င်ပေါက် မပိတ်မီကတည်းက ကျယ်ဝန်းသော ကျောက်ဂူအတွင်းပိုင်းသို့ ၀င်ရောက်လာခဲ့ပြီးသားဖြစ်သည်။

မိစ္ဆာခြောက်ယောက်…
လူရှစ်ယောက်…

လင်းထိန်နေသော ကျောက်ဂူကြီးထဲတွင် ရပ်နေကြသည်။
ကြေးခွံနက်မိစ္ဆာများ အားလုံးက ထွားကြိုင်းကာ ရှည်လျားကြပြီး အကြေးခွံနက်များနှင့်ဖြစ်ကာ စိမ်းပုတ်ပုတ်အရောင်မျက်လုံးများက သားကောင်တွေ့သည့် မြွေမျက်လုံးများပမာ ဘယ်အချိန် တိုက်ခိုက်ရမလဲ ချောင်းနေဟန်တူသည်။

“မာစတာ ဂူယ …”
နောက်ဆုံးမှ ၀င်လာသော မိစ္ဆာနယ်သားက ရှေ့တက်လာကာ ဦးနည်းနည်းညွှတ်လိုက်သည်။
သူ့အသံက မှန်ချပ်များကို ကုတ်ခြစ်နေသကဲ့သို့ အသည်းယားဖွယ်ကောင်းပြီး နားကလောလှသည်။
“ဒီ လူသားမိန်းကလေးက အပျိုစင်ပဲရှိသေးတယ်…သူမရဲ့ ယင်သန့်စင်သွေးကို ယစ်ပူဇော်ဖို့ အသုံးပြုလို့ရနိုင်တယ်…”

ထို မိစ္ဆာနယ်မြေသား စကားပြောနေစဉ် သူ၏ မိစ္ဆာမျက်လုံးများက ဟုချင်းမန်၏ ညှို့အားပြင်းသော ကိုယ်လုံးလေးကို စုန်ဆန်ကြည့်နေသည်။
သူ့စကားဆုံးသောအခါ သူက နှုပ်ခမ်းများကိုပင် သပ်လိုက်ပြီး သူ၏ မျက်လုံးထဲတွင် တဏှာရာဂစိတ်တို့ ပြည့်နှက်နေသည်။

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now