အပိုင်း ၈၇

2.2K 215 0
                                    

God of Slaughter (chapter – 87)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၈၇) အမှောင်နည်းပညာ

ဇုအာချီဦးဆောင်သော သူတို့အုပ်စုက ယင်ချိုင့်ဝှမ်း၏အတွင်းပိုင်းသို့ တဖြည်းဖြည်း ချင်းနင်းဝင်ရောက်လာကြပြီဖြစ်သည်။

ဇုအာချီက လမ်းတစ်လျှောက်လုံး ထူးဆန်းသောအပင်များနှင့် မိစ္ဆာသားရဲများရန်မှ အကာအကွယ်ပေးရင်း သူ့တန်ဖိုးကို ထုတ်ဖော်ပြသခဲ့သည်။
ဇုအာချီက အနှောက်အယှက်အတားအဆီးများကို အလွယ်တကူ ဖယ်ရှားပေးခဲ့သောကြောင့် ချီရှောင်းနှင့် ရှာစင်းယန်တို့မှာ သူတို့၏စွမ်းအင်များကို ခေါင်းကိုးလုံးမြွေနဂါးနှင့်ရင်ဆိုင်ရန်အတွက် ကောင်းကောင်းခြွေတာနိုင်ခဲ့ကြလေသည်။

ယင်ချိုင့်ဝှမ်း၏ အတွင်းဖက်သို့ရောက်လေလေ ယင်ကီစွမ်းအင်က သိပ်သည်းလေလေဖြစ်သည်။

ရှီယန်က သူ၏ ကီစွမ်းအင်စီးကြောင်းများက တဖြည်းဖြည်း နှေးကွေးသည်ထက်နှေးကွေးလာသည်ကို သတိပြုမိသည်။
သူ့အသွေးအသား အရိုးထဲအထိ ယင်ကီစွမ်းအင်၏ ဖိနှိပ်မှုကို ခံနေရလေသည်။
ဇူရှီလဲ အတူတူပင်ဖြစ်သည်။

ယင်ချိုင့်ဝှမ်းအတွင်းဘက်သို့ နီးကပ်လာလေလေ သူမ၏ မျက်နှာလေးက ဖြူဖျော့လာလေလေဖြစ်သည်။
သိသာစွာပင် သူမသည်လည်း ဤပတ်ဝန်းကျင်နှင့် အသားကျရန် ခက်ခဲနေပုံရသည်။

“ဒီမှာခနနားကြရအောင် … ဇုအာချီ… လုံမလေးရှာ…ကျုပ်တို့ မြေပုံကိုတစ်ချက်ပြန်ကြည့်ဖို့လိုလိမ့်မယ်…”
ချီရှောင်းက သူ့တပည့်မအခြေအနေကို သတိပြုမိသောကြောင့် ရပ်တန့်လိုက်ရင်း မြေပုံကိုထုတ်ကာ မြေပြောင်ပြောင်တစ်နေရာတွင် ဖြန့်ခင်းလိုက်သည်။

ဇုအာချီက ရပ်တန့်ဖို့ ဆန္ဒမရှိသော်လည်း ချီရှောင်းက မြေပုံထုတ်လိုက်သောအခါ သူကလဲ သဘောတူလိုက်သည်။
သူက တဟဲဟဲရယ်ကာ ချီရှောင်းထံသို့ အလျှင်အမြန် လျှောက်လာရင်း
“ကျုပ်က ယင်ချိုင့်ဝှမ်းနဲ့မစိမ်းဘူးဆိုတော့ မြေပုံကို ပြကြည့်ပါဦး…ကောင်းကင်ဘုံတံခါးဝရဲ့တည်နေရာကို ကျုပ်ရှာနိုင်မှာပါ…”

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now