အပိုင်း ၇၃

2.3K 235 6
                                    

God of Slaughter (chapter – 73)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၇၃) ဥက္ကာခဲ၏ ပြောင်းလဲမှု

ရှီယန်က တိုက်ပွဲပြင်းထန်နေသော နတ်ဘုရားကျောက်တုံး ရင်ပြင်တစ်ဝိုက်တွင် စိတ်အေးလက်အေး လျှောက်သွားနေပါသည်။

တစ်နေရာတွင် လူတစ်ယောက်သေသွားသည်နှင့် ထိုနေရာတွင် ရှီယန် ချက်ချင်းပေါ်လာလေ့ရှိသည်။
သူရောက်ရှိလာခြင်းက ထိုအလောင်းကို ချက်ချင်းခြောက်သွေ့သွားစေပြီး ကီစုစည်းမှုများက စက္ကန့်ပိုင်းအတွင်း ပျောက်ကွယ်သွားတတ်သည်။

တိုက်ပွဲအဖျားခတ်မှုကြောင့် အနီးအနားရှိသိုင်းသမားအချို့က ချက်ချင်းလိုလိုပင် သေဆုံးသွားကြရသည်မဟုတ်လော။

အခြေခံအဆင့်နှင့် အခြေခိုင်အဆင့်သိုင်းသမားများက ပို ခံကြရသည်။
သူတို့က နိဗ္ဗန်အဆင့် သိုင်းပညာရှင်များအချင်းချင်း တိုက်ခိုက်မှု၏ အဖျားခတ်မှုဒဏ်ကို ကာကွယ်နိုင်စွမ်းမရှိကြရှာပါ။
တိုက်ပွဲအတွင်း ကြားညပ်သွားသည်နှင့် သူတို့အတွက် မျှော်လင့်ချက်မရှိတော့ချေ။

နတ်ဘုရားကျောက်တုံးရင်ပြင်တစ်ဝိုက်တွင် မိနစ်ပိုင်းမျှ လှည့်ပတ်ပြီးချိန်တွင် ရှီယန်က အခြေခံအဆင့်သိုင်းသမား ခုနှစ်ယောက်နှင့် အခြေခိုင်အဆင့် သိုင်းသမား လေးယောက် သေဆုံးမှုမှ စိမ့်ထွက်လာသော ကီစုစည်းမှုများကို အလေအလွင့်မရှိ ရိပ်သိမ်းနိုင်ခဲ့ပေသည်။

လူသားအဆင့်နှင့် အထက် များသာ ကံကောင်းပြီး လွတ်မြောက်နိုင်ခဲ့ကြသည်။ဒါတောင် အဖျားခတ်မှုကြောင့် လူအချို့က ဒဏ်ရာရသွားကြသေးသည်။
ကံကောင်း၍ မသေကြချင်းဖြစ်၏။

ထို့ကြောင့် ထိုနေရာတစ်ဝိုက်တွင် လူသားအဆင့် သိုင်းသမားတစ်ယောက်၏အလောင်းတောင် ရှာမတွေ့ပါချေ။
ထိုအချင်းအရာက ရှီယန့်ကို တော်တော်လေး စိတ်ပျက်လက်ပျက်ဖြစ်စေသည်။

လူအများသေဆုံးခြင်းကို သူက ၀မ်းမြောက်နေ၍ မသင့်တော်မှန်းသိသော်လည်း အခြေအနေက ဒီ့ထက်ပို ကြမ်းတမ်းခဲ့သင့်သည်ဟု တွေးမိလိုက်သေးသည်။ဒါတောင် သူက သူ့အဖိုးကို တိုက်ပွဲတွင် ၀င်ပါရန် တိုက်တွန်းခဲ့၍ ဖြစ်၏။
ကီစုစည်းမှုအများကြီး စုပ်ယူနိုင်ခဲ့လျှင် သူက လူသားအဆင့်သို့ မြန်မြန်တက်လှမ်းနိုင်ပေလိမ့်မည်။

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now