အပိုင်း ၁၃၅

2.2K 193 0
                                    

God of Slaughter (chapter - 135)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၁၃၅) ရေခဲစိုင်ကြီးထွက်ပေါ်လာခြင်း

အာရုံဦးဆိုသော သင်္ဘောက ရှည်လျားကာ ချွန်ထက်သောပုံသဏ္ဍန်ရှိသည်။ထက်မြက်သော လက်နက်တစ်ခုနှယ်ဖြစ်၏။
သူ့ သင်္ဘောဦးပိုင်းက ရှီယန်နှင့် ရှာစင်းယန်တို့ ရှိနေသည့်သင်္ဘောကို ထိုစိုက်သွားခြင်းဖြစ်သည်။

ထို သင်္ဘောက ခြားနားသော သတ္ထုတစ်မျိုးဖြင့် ပြုလုပ်ထားပုံရသည်။
လုံးဝ နက်မှောင်နေပြီး ဖုံးကွယ်ထားသော ခွန်အားတစ်ခုရှိနေသည်ကို ခံစားလို့ရ၏။
သင်္ဘောဦးက တကယ်ပင် ဓါးတစ်စင်းလို ထက်မြနေခဲ့ခြင်းဖြစ်သည်။
ရှီယန်တို့ သင်္ဘောကြီးကို အတွင်းပိုင်းအထိ ထိုးဖောက်သွားခြင်းဖြစ်ပြီး ထက်ခြမ်းကွဲသွားလုနီးပါးပင်ဖြစ်သည်။

အာရုံဦးသင်္ဘောက မကြီးမားလှပါ။ သူက မီတာ သုံးလေးဆယ်ခန့်သာ ရှည်လျားပါသည်။
ကုန်းပတ်ပေါ်တွင်တော့ လူငါးဦး ရပ်လို့နေ၏။

ထိပ်ဆုံးတွင် ရပ်နေသော လူငယ်လေးက ရှည်လျားသော ငွေရောင်ဝတ်ရုံရှည်ကို ၀တ်ဆင်ထားသည်။
ထို့ကြောင့် သူ့ဝတ်ရုံသည်ပင် ဓါးတစ်စင်း၏ ထက်မြမှုကို ခံစားရစေ၏။
ထို့ပြင် သူက အလွန်ချောမောသော ယောက်ျားတစ်ယောက်ပင်ဖြစ်သည်။
သူက ဓါးအိမ်မှ ထုတ်ထားသော ဓါးတစ်စင်းပမာ မားမားမတ်မတ်ရပ်နေသည်။

ယခုအချိန်တွင် ထိုလူငယ်လေးက အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်နေဟန်တူသည်။
သူက ခပ်အုပ်အုပ်ရယ်ရင်း လက်သီးနှစ်ဖက်ဆုပ်ကာ နှုတ်ဆက်လိုက်ရင်း
"တောင်းပန်ပါတယ်ဗျာ...ကျနော် အလျှင်စလိုမောင်းလာမိတာ...နည်းနည်း အရှိန်လွန်သွားတယ်...တိုက်မိတော့မယ်ဆိုတာ သတိထားမိတော့ နောက်ကျသွားပြီလေ...တောင်းပန်ပါတယ်....တောင်းပန်ပါတယ်...ခင်ဗျားတို့ရဲ့ ပျက်စီးဆုံးရှုံးမှုအတွက် ကျနော် အလျော်ပေးပါ့မယ်...."

သူ့နောက်တွင် တန်းစီနေသူများက နီဗားနားအဆင့် လေးယောက်ဖြစ်၏။
ထို အကြီးအကဲလေးဦးက ပုံပန်းသဏ္ဍန် ကွဲပြားကြသော်လည်း အားလုံးက တည်တည်ငြိမ်ငြိမ်ပင်ရှိနေကြသည်။
သူတို့၏ မျက်လုံးများ တလက်လက်တောက်ပနေကြပုံကို ကြည့်ခြင်းအားဖြင့် သူတို့၏ ကျင့်ကြံမှုအဆင့်အတန်းက မြင့်မားလှကြောင်း သိရှိနိုင်လေသည်။

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now