အပိုင်း ၁၁၀

2.4K 268 6
                                    

God of Slaughter (chapter – 110)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၁၁၀) အဲ့ဒါက မင်းနဲ့မထိုက်တန်ဘူး

သွေးစိမ်းလင်းနို့က ရှစ်မီတာခန့် ရှည်လျားပြီး ကျယ်ပြန့်သောကျောပြင်ရှိသောကြောင့် လူသုံးလေးယောက်ပင် တက်ထိုင်၍ရနိုင်ပေသည်။

သွေးစိမ်းလင်းနို့၏ သေးသွယ်ရှည်လျားသော နားရွက်များကို ဆုပ်ကိုင်ထားရင်း ရှီယန်က သူ့ခြေထောက်များကို လင်းနို့၏ လည်ပင်းတွင်တင်းကြပ်စွာ ချိတ်ထားသည်။
အားကောင်းသောလေပြင်းများက သူ့တစ်ကိုယ်လုံးကို တိုးဝှေ့လျှက်ရှိ၏။

ကောင်းကင်ပေါ်မှ ငုံ့ကြည့်လိုက်လျှင် သေမင်းနွံတောထဲရှိ သိုင်းသမားများကို ပုရွက်ဆိတ်လေးများသဖွယ် သေးသေးလေးမြင်ရသည်။
အားလုံး၏အထက်တွင် ရှိရခြင်းခံစားချက်က ရှီယန့်ကို ကျေနပ်နှစ်သိမ့်စေသည်။

မိစ္ဆာသားရဲကြီးကိုစီးနင်းကာ ကောင်းကင်ပြင်တွင် ပျံဝဲနေကာ သူ့နားနှစ်ဖက်ဆီသို့ လေပြင်းများက တ၀ူးဝူး တိုးဝှေ့နေကြသည်။
သွေးစိမ်းလင်းနို့စီးရသည့်အရသာကို ရှီယန် ချစ်သွားပြီဖြစ်သည်။

ထို သွေးစိမ်းလင်းနို့ပေါ်မှ ရှူရာတမန်တော်က ရှီယန် ပျော်ရွှင်နေသည်ကို သတိပြုမိသည်။
သူက တစ်ချက်ပြုံးလိုက်ရင်း
“သခင်လေးယန်သာ ယန်မိသားစုကိုပြန်လာရင် ဒီ့ထက်ကောင်းတဲ့ အစီးအနင်းရမှာ…အဲ့ဒီအခါကျ ဒီသွေးစိမ်းလင်းနို့ဆိုတာ ဘာမှမဟုတ်တော့ဘူး…”

“ပိုကောင်းတဲ့ အစီးအနင်း…?...”
ရှီဝန်က မေးလိုက်သည်။
“ဘယ်လိုအစီးအနင်းမျိုးလဲ…”

“သခင်လေးနဲ့ ထိုက်တန်တဲ့ အစီးအနင်းမျိုးပေါ့…သွေးစိမ်းလင်းနို့ထက် ပိုကြီးပြီး ပိုမြန်တယ်…အဲ့ဒါက သူ့သခင် ဘာပြောနေတာလဲ နားလည်တယ်…ပြီးတော့ သူ့သခင်ကို ကာကွယ်ပေးလိမ့်မယ်…မိသားစုခေါင်းဆောင်က သခင်လေးအတွက် ဦးခေါင်းအမွှာ နဂါးပျံကို လက်ဆောင်ပေးမှာ…အဲ့ဒီအခါကျ ကျုပ်ကိုလဲ ခနလောက် စီးနင်းခွင့်ပြုရမယ်နော်…ဦးခေါင်းအမွှာနဂါးပျံက အဆင့်ခြောက် မိစ္ဆာသားရဲကြီးလေ…ရှောင် ဆရာကြီးရဲ့ အဆင့်ခြောက် သွေးစိမ်းလင်းနို့နဲ့ အတူတူပဲ… ဒါပေမယ့် အဲ့ဒီကောင်ထက် ပိုစွမ်းတယ်…”

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now