အပိုင်း ၁၃၈

1.8K 182 2
                                    

God of Slaughter (chapter – 138)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၁၃၈) ပေါင်းစည်းသည်

ညနက်လာပြီ

ရေခဲတုံးကြီးက အေးစက်ကျင်ခဲသော လေထုများကို ထုတ်လွှတ်နေသည်။
ကြည်လင်သော လှိုင်းတွန့်များက ရေခခဲတုံးကြီးထံမှ ထွက်ပေါ်လာခြင်းဖြစ်သည်။
ပတ်ဝန်းကျင်တစ်ခုလုံး အရိုးကွဲမတတ် အေးစိမ့်လာသည်။

ရေခဲတုံးကြီးနှင့် မီတာတစ်ထောင်အကွာရှိ အင်အားစုလေးခုမှသိုင်းသမားများ လန့်နိုးလာကြသည်။
သူတို့က ရေခဲတုံးကြီးကိုကြည့်ကာ စိတ်ဓါတ်ကျသွားသလို ခံစားလိုက်ကြရသည်။

သူတို့ စီနီယာများက အချက်ပြလိုက်သောကြောင့် အဆင့်နိမ့်သိုင်းသမား အတော်များများ ရေခဲတုံးနှင့် ဝေးရာသို့ ရွှေ့ပြောင်းသွားကြသည်။

ရေခဲတုံးအနီးကျန်ခဲ့သူများမှာ အဆင့်မြင့်သိုင်းသမားများနှင့် ရှားပါးသော အကာအကွယ်ရတနာများ ပိုင်ဆိုင်ကြသူများသာဖြစ်ကြသည်။

စောင့်ကြည့်အုပ်စုထဲမှ လူလေ လူလွင့် သိုင်းသမားများစွာကတော့ မူမမှန်သော အခြေအနေကို ရိပ်မိသည်နှင့် ရေခဲတုံးကြီးနှင့်ဝေးသထက်ဝေးရာသို့ ရွှေ့ပြောင်းသွားကြသည်။

ဘယ်လိုပဲဖြစ်ဖြစ် လူအားလုံး၏မျက်လုံးပေါင်းများစွာတို့ကတော့ ရေခဲတုံးကြီးကို စိတ်လှုပ်ရှားစွာ စိုက်ကြည့်နေကြဆဲဖြစ်သည်။

လေထုထဲမှ အေးစက်မှုက ပိုမိုသိပ်သည်းလာနေသည်။

ရှာစင်းယန်က ရှီယန်နှင့် သုံးမီတာခန့်အကွာအထိ ချက်ချင်း ရောက်ရှိလာသည်။

ရှာစင်းယန်၏ ဆွဲဆောင်မှုရှိသောကောက်ကြောင်းများက စိမ်းဖန့်ဖန့်အရောင် တောက်ပနေသည်။

ထို စိမ်းဖန့်ဖန့်အလင်းက အေးစက်သောလေထုကို တိုက်ရိုက်ခုခံကာကွယ်နေသည်။ဒါက ခုခံကာကွယ်ခြင်း ရတနာပစ္စည်းတစ်မျိုးကြောင့် ဖြစ်ဟန်တူ၏။
ရှာစင်းယန်က ရှီယန့်ကိုကြည့်ရင်း မျက်မှောင်ကြုံ့လိုက်သည်။သူမက တစ်စုံတစ်ခုကို တွေးမိသွားပြီး ထိတ်လန့်သွားလေသည်။

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now