အပိုင်း ၉

3.6K 405 4
                                    

#သတ်ဖြတ်သူသွေးနတ်ဘုရား chapter (9)
  (God of Slaughter)

Author   :Ni Cang Tian
Translate by   :Soe Paing Hmue

အပိုင်း (၉) လွတ်မြောက်ခြင်း

     မာစတာကာရုသည် မြေပြင်ပေါ်ခြေချမိသည်နှင့်တပြိုင်နက် အရှိန်အဟုန်ကိုမြင့်တင်ကာ လျှပ်စီးလက်သလို ကြောက်မက်ဖွယ်ရာ အမြန်နှုန်းဖြင့် ရှီယန့်ထံပြေးလွှားသွားသည်။အခြေခိုင်အဆင့် သိုင်းသမားတစ်ယောက်၏ စွမ်းအင်နှင့် အမြန်နှုန်းသည် သာမာန် အခြေခံအဆင့် သိုင်းသမားထက်တော့ များစွာသာလွန်၏။

မိုယန်းယီသည်လဲ သူမအဖွဲ့သားများကို နောက်ချန်ထားခဲ့ကာ ပြေးလိုက်လာနေသည်။မျက်ဝန်းထဲတွင်တော့ လူသတ်လိုစိတ်အရိပ်အယောင်များထင်ဟပ်နေသည်။ဒီကောင့်ကိုမိတာနဲ့တပြိုင်နက် သတ်ပစ်ဖို့ကျိန်ဆိုထားပြီးဖြစ်သည်။

ရှီယန့်မျက်နှာထားက ပို၍အလေးအနက်ဖြစ်လာသည်။သူ အာရုံစိုက်ကာ သူ့ကီစွမ်းအင်များအားလုံးကို ခြေထောက်ဆီ ပို့လွှတ်ထားသည်။သူမြေကြီးပေါ်ခြေတစ်ချက်နင်းလိုက်တိုင်း သူ့ခန္ဓာကိုယ်သည် ရှေ့သို့ ခုနှစ်မီတာ ရှစ်မီတာခန့်အထိ ဆောင့်ထွက်သွားသည်။မကြာမီပင် သူ့ရှေ့မှ ကျောက်စိမ်းဓါးပင့်ကူကြီးများကို မှီလာလေ၏။

''ကက်ကက်..ကက်ကက်..''

ကျောက်စိမ်းဓါးပင့်ကူများသည် စွတ်စိုသောမြေပြင်များဆီသို့ ဦးတည်ရွေ့လျားသွားကြပြီး ပျော့ပျောင်းသောမြေသားများထဲသို့ သူတို့ခြေထောက်များအားထိုးစိုက်ကာအရှိန်ယူလိုက်ကြပြီး ခြုံပုတ်နွယ်များအတွင်းတိုးဝင်ပျောက်ကွယ်သွားကြသည်။

ရှီယန်သည်လဲ သူတို့နောက်လိုက်ကာ မြင့်မားထူထပ်သောခြုံပုတ်ကြီးများအတွင်း တိုးဝင်သွားသည်။သူ့မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများပေါ်ပေါက်လာသည်။သူ့ရှေ့မှ ပင့်ကူတစ်ကောင်ကိုသာ မျက်ခြေမပြတ်လိုက်နေရင်း သူတို့ပိုင်နက်တွင် ကျောက်စိမ်းဓါးပင့်ကူများ မည်မျှကြောက်စရာကောင်းသည်ကို သူမေ့လျော့နေခဲ့သည်မဟုတ်လား။

ခြုံပုတ်များအတွင်းရောက်သည်နှင့် ကျောက်စိမ်းဓါးပင့်ကူများက ရုတ်တရက် အရှိန်လျှော့ချလိုက်ကြသည်။ပင့်ကူနှစ်ကောင်၏မျက်လုံးများတွင် အရောင်တစ်မျိုးပြောင်းသွားကာ ချက်ခြင်း နောက်ပြန်လှည့်လိုက်ကြသည်။ဤခြုံပုတ်များထဲအထိ အလိုက်ခံနေရခြင်းကို သူတို့ ငြီးငွေ့သွားကြဟန်တူ၏။

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now