အပိုင်း ၁၅၀

2K 196 1
                                    

God of Slaughter (chapter – 150)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၁၅၀) ပင်လယ်ရေအောက်တိုက်ပွဲ

နံနက်စောစော…

လှေက မြူများ ပိတ်ဆီးနေသော ဧရိယာတစ်ခုသို့ ရောက်ရှိလာသည်။
ခပ်ပါးပါးမြူခိုးများက ပတ်ဝန်းကျင်တစ်ဝိုက်တွင် ပိတ်ဆီးနေကြသည်။
လင်ဒါနှင့် ကျန်လူများ၏ အသွင်အပြင်မှာလည်း အကြည့်ရဆိုးလောက်အောင် မျက်စိမျက်နှာပျက်နေကြပြီဖြစ်သည်။
သူတို့ထဲမှ အခြေခိုင်သိုင်းသမားများသည် ပထမဆုံးအကြိမ်အဖြစ် ကြောက်ရွံ့ထိတ်လန့်မှုများကို မျက်နှာပေါ်တွင် ဖော်ပြလာကြလေသည်။

လှေနောက်တွင် ကြေးခွံစိမ်းသားရဲများက အကောင် ခြောက်ဆယ်ခန့်ပင် စုစည်းမိလာကြပြီဖြစ်သည်။
သူတို့ထဲတွင် အဆေင့်လေး သားရဲ လေးကောင်အထိ ပါဝင်လာ၏။

ရှင်းလင်းသော ပင်လယ်ပြင်မှာပင် ဒီကြေးခွံစိမ်းသားရဲများနှင့် ရင်ဆိုင်ဖို့ဆိုတာ တော်တော်ခက်ခဲနေပြီးပြီဖြစ်သည်။
အခု လှေက မြူဆိုင်းသောနေရာသို့ တိုးဝင်သွားလေရာ ကြေးခွံစိမ်းသားရဲများသာ စတိုက်ပြီဆိုလျှင် သူတို့အတွက် အလွန့်အလွန် ခက်ခဲသွားပေလိမ့်မည်…။

ကြေးခွံစိမ်းသားရဲများက ပင်လယ်ထဲမှဖြစ်ပြီး သူတို့၏ ပင်လယ်ရေအောက်တွင် မြူမရှိပါ။
ထို့ကြောင့် ကြေးခွံစိမ်းသားရဲများက မြူကြောင့် အနှောက်အယှက်ဖြစ်မည်မဟုတ်ပေ။

တစ်ခါတစ်ရံ လူတွေ ကြောက်ရွံ့သောအရာများက အမှန်တကယ် ဖြစ်လာတတ်ပါသည်။

လင်ဒါနှင့် အခြားသူများ တုန်လှုပ်ခြောက်ခြားနေကြစဉ်တွင်ပင် လှေ၏ အနောက်ဖက် မီတာတစ်ရာခန့်အကွာတွင် လိုက်ပါလာကြသော ကြေးခွံစိမ်းသားရဲများသည် ရုတ်တရက် အရှိန်မြင့်တင်ကာ ကူးခတ်လာကြလေတော့သည်။

“သတိထား…”
လင်ဒါက စူးရှစွာအော်ဟစ်လိုက်သည်။
“အဲ့ဒီထဲမှာ အဆင့်လေး ကြေးခွံစိမ်းသားရဲ လေးကောင်ပါတယ်…ဘာပဲဖြစ်ဖြစ် ရေထဲမကျစေနဲ့…ဒီကောင်တွေကို မျှားထုတ်ဖို့ နည်းလမ်းရှာရမယ်…”

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now