အပိုင်း ၇၁

2.4K 237 4
                                    

God of Slaughter (chapter – 71)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၇၁) နှိပ်ကွပ်ခြင်း

“အဖိုးကြီး   ရှီဂျန်…”

မိုထူဝါးက အမုန်းတရားများ အပြည့်ဖြင့် အော်ဟစ်လိုက်သည်။
“မင်းတို့ ငါ့မိုဇာန်ကို သတ်တယ်… ငါတို့ အနာဂါတ်ကို သတ်တယ်…သူ့ဘေးမှာ ငါမင်းကို သဂြိုဟ်မယ်ကွ…”

မိုထူဝါးက မိုဇာန်သေဆုံးမှုကြောင့် စစ်ကြေငြာရန်ဆုံးဖြတ်လိုက်ပြီဖြစ်သည်။သိုင်းပြိုင်ပွဲကို သူက ဂရုမစိုက်တော့ပါ။ရှီဂျန့်ထံသို့ ဦးတည်၍ လှမ်းလျှောက်သွားလေတော့သည်။

ဒေါသထွက်နေကြသော မိုမိသားစုတစ်ခုလုံးက မိုထူဝါး၏ လှုပ်ရှားမှုကြောင့် မတ်တပ်ထရပ်လိုက်ကြသည်။သူတို့အကုန်လုံးက ပြိုင်ပွဲစင်မြင့်ကို ဖြတ်ကျော်ကာ ရှီမိသားစုထံသို့ ဦးတည်လိုက်ကြလေသည်။

“မိုထူဝါး..ငါ့မြေးနှစ်ယောက်စလုံးသေမလားရှင်မလားမသိသေးဘူး…”
ရှီဂျန်ကလဲ စိတ်ဆိုးမာန်ဆိုး အော်ဟစ်လိုက်သည်။
“မင်းနိုင်နေတုန်းက သွေးအေးသလောက် မင်းရှုံးတော့ စိတ်ဆိုးတယ်…ဟမ့်.. ရှုံးမှာကြောက်ရင်စကတည်းက ၀င်မပြိုင်နဲ့…”
ရှီမိသားစုဝင်များအားလုံး ၀ုန်းကနဲ ထရပ်လိုက်ကြသည်။

“နှစ်ယောက်စလုံး ရပ်တော့…”

ဘိန့်မင်ရှန်က မျက်နှာထားတင်းတင်းဖြင့် ထရပ်ကာ တားမြစ်လိုက်သည်။
သူ့ခန္ဓာကိုယ်မှ အေးစိမ့်သောအားလှိုင်းများ ထိုးထွက်လာပြီးနောက် ပတ်ဝန်းကျင်တစ်ခုလုံး အပူချိန်ရုတ်တရက်ထိုးကျသွားသည်။

နေ့လည်နေပူပူအချိန်မှာပင် လူအားလုံးက အေးစိမ့်သောအားလှိုင်းများကို ခံစားလိုက်ရ၏။

“နောက်ဆုပ်…”
မိုထူဝါးက နောက်ပြန်လှည့်ကာ မကျေမနပ်ဖြစ်နေကြသော မိုမိသားစုမျိုးဆက်များကို အမိန့်ပေးလိုက်သည်။
မိုမိသားစုသိုင်းသမားများက တိုက်ခိုက်ချင်နေကြသော်လည်း မိုထူုဝါး၏ တင်းမာသောမျက်နှာအမူအယာကြောင့် အသာပြန်ငြိမ်နေလိုက်ကြသည်။

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now