အပိုင်း ၁၇၅

1.7K 176 0
                                    

God of Slaughter (chapter – 175)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၁၇၅) အကြောင်းမရှိပဲ မလာဘူး

ချိုင့်ဝှမ်းထဲတွင် ၀ိဥာဉ်ခြွေရေကန်ဟု ခေါ်ခဲ့ကြသော ရေကန်ကြီး၏ ရေပြင်သည် ဖောက်ထွင်းမြင်ရလောက်အောင်ပင် ကြည်လင်နေခဲ့ပြီဖြစ်သည်။
ရေကန်ထဲရှိ ၀ိဥာဉ်ကောင်များအားလုံး ၀ိဥာဉ်ခေါ်ပုလဲထဲသို့ ၀င်သွားကြပြီဖြစ်သည်။

ဟုချင်းမန်က ရှီယန့်ကို တော်တော်ကို ကြည့်မရဖြစ်နေသည်။
မိုသွမ့်ဟွမ် ဖယ်လိုက်သည်နှင့် သူမက ချက်ခြင်းပင် တိမ်ခြင်္သေ့ပေါ်တက်ကာ ရှာစင်းယန်ကို သယ်ဆောင်ပျံသန်းသွားလေတော့သည်။

ရှီယန်က သွေးစိမ်းလင်းနို့ပေါ် တက်ထိုင်ရင်း စောင့်နေသည်။
ရေကန်ထဲတွင် ၀ိဥာဉ်များ မရှိတော့တာ သေချာသည်နှင့် သူက ၀ိဥာဉ်ခေါ်ပုလဲပေါ်သို့ နှစ်ကြိမ်သုံးကြိမ် တံတွေးထွေးချလိုက်သည်။

ဝိဥာဉ်ခေါ်ပုလဲကို အရည်ခဲလွှာပါးပါးလေးက အပြည့်အ၀ ဖုံးအုပ်သွားသောအခါတွင်တော့ သူ၏ သဘာဝလွန် ၀ိဥာဉ်စုပ်စွမ်းအင်များလဲ ရပ်တန့်လို့သွားပြီဖြစ်သည်။

မိုသွမ့်ဟွမ်က နံဘေးတွင်ရပ်ရင်း ရှီယန့်လှုပ်ရှားမှုများကို သေချာကြည့်နေသည်။
ရှီယန့်လက်ထဲမှ ပုလဲလုံးက ရေကန်ထဲမှ ၀ိဥာဉ်အားလုံးကို စုပ်ယူသွားခဲ့သည်ကို သူမြင်ခဲ့ရသည်။
ရှီယန်က ၀ိဥာဉ်ခေါ်ပုလဲပေါ်သို့ တံတွေးထွေးချလိုက်သည်ကိုပါ မြင်တွေ့လိုက်ရသောအခါ သူ့အမူအယာက အနည်းငယ် ထူးဆန်းလို့သွားသည်။

သို့သော်လည်း အစမှ အဆုံးတိုင် မိုသွမ့်ဟွမ်က တစ်ခွန်းတစ်ပါဒမျှ မမေးမြန်းခဲ့ပါ။

“ရပြီ…သွားကြစို့…”
အကုန်အဆင်သင့်ဖြစ်သောအခါ ရှီယန်က ပုလဲကို သေချာသိမ်းဆည်းလိုက်သည်။
ပြီးနောက် မိုသွမ့်ဟွမ်ကို ပြုံးပြလိုက်လေသည်။

မိုသွမ့်ဟွမ်က ခေါင်းငြိမ့်လိုက်သည်။

စိတ်စွမ်းအင်လှိုင်းအချို့ ဖြာထွက်သွားသောအခါ  သွေးစိမ်းလင်းနို့ကြီးက တစ်ချက် မြည်တွန်လိုက်ပြီးနောက် ကောင်းကင်ထက်သို့ ထိုးတက်ကာ တိမ်ခြင်္သေ့ထွက်ခွာသွားရာလမ်းကြောင်းအတိုင်း လိုက်ပါသွားလေတော့သည်။

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now