အပိုင်း ၁၀၇

2.1K 211 10
                                    

God of Slaughter (chapter – 107)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၁၀၇) အားကောင်းသောစစ်ကူ

သေမင်းနွံတော၏ အရှေ့ဖက်ခြမ်း…

သေးသွယ်သောကိုယ်ကာယလေးက လူတစ်ယောက်ကို သယ်ဆောင်ကာ ကောင်းကင်ယံထက်တွင် ပျံဝဲသွားနေသည်။

အောက်ဖက်တွင်တော့ လူ့ဘီလူးကြီးနှစ်ယောက်က နွံပြင်ကြီးကို လျှင်မြန်စွာ ဖြတ်ပြေးလို့နေ၏။
တစ်ချက်တစ်ချက် ခုန်လိုက်တိုင်းတွင် ရှေ့ဖက်သို့ မီတာ ဒါဇင်နှင့်ချီကာ ဆောင့်ထွက်သွားလျှက်ရှိကြသည်။

အနီးရှိ ရွှံ့နွံများကြားတွင်တော့ ကြေးခွံများနှင့်လူထူးဆန်းတစ်ယောက် နွံထဲတွင် ကိုယ်တစ်ဝက်ဖော်ကာ လိုက်ပါလာလျှက်ရှိသည်။
သူ၏ ရက်စက်သောမျက်လုံးများက ကောင်းကင်ထက်မှ ပုံရိပ်ကို မလွတ်တမ်း ကြည့်ရှုလျှက်ရှိ၏။

ဟိုးအဝေးဆီမှ ဒေါသတကြီး အော်ဟစ်မြည်တမ်းသံကြီးကတော့ သူ့လမ်းကြောင်းအတိုင်း နီးကပ်လာလျှက်ရှိ၏။သူ၏ အားကောင်းသော စိတ်အာရုံက မီတာအတော်များများထိ လွှမ်းခြုံလို့ထားသည်။

အရှေ့ဖက် သေမင်းနွံတော၏ ပုံမှန်မဟုတ်သောအခြေအနေများက ပတ်ဝန်းကျင်ရှိ သိုင်းသမားများကို ခြောက်ခြားသွားစေသည်။
မိစ္ဆာသားရဲများနောက် အမဲလိုက်နေကြသော သိုင်းသမားများက ရပ်တန့်လို့သွားကြသည်။
ကောင်းကင်ကို မော့ကြည့်နေကြရင်း ဘာဖြစ်မှန်းမသိသောအမူအယာများက သူတို့အားလုံး၏မျက်နှာတွင် ထင်ဟပ်နေကြသည်။

နွံပြင်များအတွင်းခိုအောင်းနေကြသော မိစ္ဆာသားရဲကြီးများကလဲ သူတို့ဆရာသခင်၏ ခေါ်သံကြားသွားသည့်အလား တစ်ကောင်ပြီးတစ်ကောင်ခုန်ထလာကြကာ အရှေ့ဖက်ဆီသို့ တစ်ဝုန်းဝုန်းပြေးထွက်သွားကြလေတော့သည်။

ထိုအခိုက်အတန့်တွင် အရှေ့ဖက်ခြမ်းသေမင်းနွံတောသည် ရှုပ်ထွေးလို့သွား၏။
အရာရာတိုင်းက အခြေအနေတစ်ခုသို့ ဦးတည်နေကြဟန်တူပေသည်။

ထိုသို့ ဖြစ်ပျက်နေစဉ် ယင်ကီချိုင့်ဝှမ်းအတွင်းတွင်တော့…

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now