အပိုင်း ၃၈

2.8K 235 0
                                    

God of Slaughter (chapter – 38)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၃၈) စိတ်ဝိဥာဉ်အဆင့် သိုင်းပညာ

ကျောက်ဂူထဲတွင် စုပုံထားသော အလောင်းကောင်များမှ ကီစုစည်းမှုများအားလုံး စိမ့်ထွက်သွားကြပြီဖြစ်သည်။

ရှီယန်၏ လျှို့ဝှက်ဆန်းကြယ်သော သိုင်းဝိဥာဉ် လွှမ်းမိုးခြင်းခံရသော အလောင်းများအားလုံးက ကီစုစည်းမှုများ စုပ်ယူခံရရုံတင်မကပဲ ခန္ဓာကိုယ်ထဲမှ သွေးများကလဲ အစိုဓါတ်များ ခြောက်ခမ်းသွားသောကြောင့်သာ ခြောက်သွေ့ကုန်ခြင်းဖြစ်သည်။

အသွေးအသားများ ခြောက်ခမ်းကာ မံမီရုပ်လိုဖြစ်သွားသောကြောင့် လှိုင်ဂူထဲမှ သွေးညှီနံ့များကလဲ အစကလောက် မပြင်းထန်တော့ချေ။သို့သော်လည်း ရှီယန် ကျေနပ်လောက်သည့်အခြေအနေကိုတော့မရောက်သေးပါ။

သူက ခတ္တမျှ စဉ်းစားလိုက်ပြီးနောက် သူ့ဆေးအိတ်ထဲမှ ဆေးမှုန့်တစ်ထုပ်ကို အလျှင်အမြန် ရှာဖွေထုတ်ယူကာ ဂူအနှံ့ ပက်ဖြန်းလိုက်လေသည်။

ထို ဆေးမှုန့်များကို သန့်စင်မှုန့်ဟုခေါ်ပြီး ထိုအရာက အလွန်တရာ စုပ်ယူအားကောင်းလှသည်။လေထုထဲမှ ညစ်ညမ်းမှုများကို စုပ်ယူနိုင်စွမ်းရှိပြီး အဆိပ်အတောက်များ အနံ့များ အဆိပ်မီးခိုးငွေ့များကို စုပ်ယူရှင်းလင်းရန် အသုံးပြုကြသည်။

သန့်စင်မှုန့်တစ်ထုပ်ခန့် အသုံးပြုပြီးချိန်တွင် ဂူအတွင်းကျန်ရှိနေသေးသော သွေးညှီနံ့များက မျက်လှည့်ပြလိုက်သလို ပျောက်ကွယ်သွားကြပြီဖြစ်သည်။

လေထုထဲမှ သွေးညှီနံ့များကို စုပ်ယူပြီးနောက်တွင် သန့်စင်မှုန့်များက အနီရောင်အမှုန်လေးများအဖြစ် အရောင်ပြောင်းသွားပြီးနောက် သွေးမှုံလေးများသဖွယ် မြေပေါ်သို့ တဖွဲဖွဲ ပြန်ကျလာကြသည်။

“ဂူဝကို ကာဖို့ တစ်ခုခုသွားရှာလိုက်ဦးမယ်…”

ဂူထဲမှ သွေးနံ့များကို ထိန်းချုပ်၍ရသွားပြီဖြစ်သော်လည်း ရှီယန်က စိုးရိမ်မှုရှိတုန်းပင်ဖြစ်သည်။သူက ဂူဝကို ကာကွယ်ရန် အနီးနားရှိ ခြုံပုတ်များ နွယ်ပင်များကို ရှာဖွေလိုက်သည်။

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now