အပိုင်း ၁၂၄

2K 181 6
                                    

God of Slaughter (chapter – 124)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၁၂၄) ဒီသင်္ဘောပေါ်မှာရှိနေသ၍ နင်က ငါ့ကောင်မလေးပဲ

နောက်တစ်နေ့နံနက်…

ရှီယန်က မျက်လုံးများကို ဖြည်းငြင်းစွာ ဖွင့်လိုက်သည်။
သူက အားအင်ပြည့်ဖြိုးလာသည်ကို ခံစားရပြီး မျက်လုံးများသည်လဲ တောက်ပလို့နေသည်။

တစ်ညလုံး စွမ်းအင်လေ့ကျင့်လိုက်ပြီးနောက် ရှီယန်က ပိုမိုလန်းဆန်းလာသည်။
ထူးခြားမှုတစ်ခုကိုလဲ ခံစားရသည်။
သူက ဘေးအန္တရာယ်ဆိုးများကို ဖြတ်သန်းလာပြီးနောက်ပိုင်းတွင် သူ၏ စိတ်အခြေအနေက တစ်နည်းတစ်ဖုံ ပြောင်းလဲသွားပုံရသည်။

သူ၏ စိတ်စွမ်းအင်က ပွင့်လျှံကျလာပြီးနောက် သင်္ဘော၏ အောက်ဆုံးထပ်အကုန်လုံးကို ဖြန့်ကျက်လွှမ်းခြုံသွားသည်။

သူက သူ၏ အသိစိတ်ဖြင့် ပန်းအိုးများ၏ တည်ရှိမှုကို စစ်ဆေးကြည့်လိုက်သည်။
အကြမ်းဖျင်းတွက်ချက်ရသလောက် ဒီ အောက်ဆုံးထပ်တွင် ပန်းအိုး အခုတစ်ရာမျှရှိနေပြီး အသေးဆုံး လက်ဝါးအရွယ်ခန့်မှစ၍ အကြီးဆုံး စဥ့်အိုးကြီးတစ်လုံးအရွယ်အစားခန့်အထိ အမျိုးမျိုးရှိနေသည်။

ထို့နောက် သူ့အသိစိတ်အာရုံကို အလယ်ထပ်ဆီသို့ ဖြည်းငြင်းစွာ ဖြန့်ကျက်ကြည့်လိုက်သည်။

ရုတ်ချည်းပင် အခြား စိတ်စွမ်းအင်လှိုင်းလုံးတစ်ခုက ရှီယန့်စိတ်စွမ်းအင်ကို လျှင်မြန်စွာ အာရုံခံမိသွားသည်။

ရှီယန်က မျက်နှာပျက်သွားပြီးနောက် ဖြန့်ကျက်ထားသော စိတ်စွမ်းအင်ကို ကမန်းကတမ်း ပြန်ရုပ်သိမ်းလိုက်ရသည်။
အပေါ်ထပ်တွင် အန္တရာယ်အဆင့်သိုင်းသမား အများအပြားရှိနေဟန်တူ၏။

သူတို့ထဲတွင် အလွန်အားကောင်းသော စိတ်စွမ်းအင်ပိုင်ရှင်များရှိနေသည်။
ထိုအရာများက အလွန်အားကြီးသော ပင်လယ်လှိုင်းလုံးကြီးများအလား ကြမ်းတမ်းသော ခွန်အားများနှင့်ဖြစ်သည်။

ကမ္ဘာမြေအဆင့်…

ရှီယန်တစ်ချက် ရေရွတ်လိုက်မိသည်။
ထို သန်မာသော တုံ့ပြန်မှုမှာ ကမ္ဘာမြေအဆင့် သိုင်းသမားတစ်ယောက်ထံမှဖြစ်ရမည်။
အလယ်ထပ်တွင် ထိုသိုင်းသမားမျိုး ဒါဇင်အတော်များများ ရှိနေနိုင်သည်။
ရှီယန့်စိတ်ထဲတွင် အနည်းငယ် တုန်လှုပ်သွားသည်။

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now