အပိုင်း ၆၂

2.5K 237 1
                                    

God of Slaughter (chapter – 62)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၆၂) ဘယ်သူမှ မမှတ်မိ

(လူငယ်တွေရဲ့ စိတ်အခြေအနေတွေ၊ သူတို့မိသားစုတွေရဲ့ သြဇာလွှမ်းမိုးမှုတွေကို စာရေးဆရာက ရေးမပြပဲ ဇာတ်ကောင်တွေရဲ့ လှုပ်ရှားမှုတွေ စကားပြောတွေကနေတဆင့် ဖော်ပြသွားတာပါ...)

စန္ဒာရေကန်သာကို မျက်နှာမူထားသော ထိုစားပွဲဝိုင်းတွင် လူငယ်လေး လေးယောက်ထိုင်နေကြသည်။လုလင်ပျိုနှစ်ယောက်နှင့် လုံမပျိုနှစ်ယောက်ဖြစ်ပြီး အားလုံးက ဆွဲဆောင်မှုရှိကြ၏။

လုံမပျိုလေးတစ်ယောက်ကတော့ ဘာသိဘာသာနှင့် မာနကြီးဟန်တူ၏။သူမက မိုယန်းယီဖြစ်သည်။သို့သော်လည်း သူမက ရှီယန်တို့ကို ကြည့်မနေပါ။သူမ၏ အသက်မဲ့သောမျက်ဝန်းများက စန္ဒာရေကန်ထဲမှ နေ၀န်းကြီး၏အရိပ်ကို ငေးစိုက်ကြည့်နေပြီး စိတ်တို့ပျံ့လွင့်နေဟန်တူ၏။

“အိုး…မိုမိသားစုက တီကောင်တွေပါလား…သောက်ကျက်သရေတုံးလိုက်တာကွာ…”
ဟန်ဇောင်က သူတို့ကို နောက်ထပ် ဂရုစိုက်မနေတော့ပဲ ရှီယန့်လက်မောင်းကိုဆွဲကာ စားပွဲတစ်လုံးသို့ လျှောက်သွားလိုက်သည်။
“လုံလူကြီးမင်းရေ…ကျုပ်တို့အတွက် မီးလျှံ လေးကရားနဲ့ ဟင်းလျာကောင်းကောင်းလုပ်ပါဦး..မြန်မြန်နော်…”

“ရမယ်..ရမယ်…”
ဒုတိယထပ်မှလုံလူကြီးမင်း၏ ဖော်ရွေသောအသံက လွင့်ပျံလာသည်။
စန္ဒာရေကန်သာကိုငေးမောနေသည့်မိုယန်းယီက နိုးထလာဟန်တူကာ သူတို့ရှိရာဖက်သို့ တစ်ချက်ဝေ့ကြည့်လိုက်သည်။နောက်တော့လဲ ဘာမှမထူးခြားဟန်ဖြင့် ရေကန်ကိုသာ ပြန်လည်ငေးမောနေပြန်သည်။သူမဘာတွေတွေးနေလဲ ဘယ်သူမှမသိ။

မိုယန်းယီ၏ရှေ့မှ ခန့်ငြားသောလုလင်ပျိုလေးက ရင်းနှီးဖော်ရွေစွာပြုံးနေရင်း မိုမိသားစုမှသခင်လေးနှင့်စကားလက်ဆုံကျနေ၏။သူက မိုယန်းယီကို မသိမသာ ဂရုစိုက်နေရင်း စကားဝိုင်းတွင်ပါလာရန် တစ်ချက်တစ်ချက် ကြိုးပမ်းသော်လည်း အခုထိ အကြည့်ချင်းဆုံ၍မရသေးပေ။

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now