အပိုင်း ၁၄

3.2K 329 0
                                    

#သတ်ဖြတ်သူသွေးနတ်ဘုရား chapter (14)
God of Slaughter

Author   :Ni Cang Tian
Translate by   :Soe Paing Hmue

အပိုင်း (၁၄) ကောင်းကင်ဘုံမှဂီတသံ

     မိုယန်းယီ ရုတ်တရက် ရပ်တန့်လိုက်မိသည်။

မိုမိသားစုမှ သိုင်းသမားလေးယောက်လဲ တောအုပ်တွင်းမှ အမောတကော ပြေးလိုက်လာကြပြီး မိုယန်းယီနောက်တွင် ရပ်လိုက်ကြသည်။စိုးရိမ်တကြီးအမူအယာများဖြစ်ပေါ်နေကြ၏။

မြေပြင်ပေါ်တွင်တော့ မာစတာကာရု၏ ဦးခေါင်းမဲ့ကိုယ်ခန္ဓာကြီးက ပူနွေးနေဆဲပင်ဖြစ်သည်။သို့သော်လည် သူ့ကိုယ်ပေါ်မှ ကီစုစည်းမှုများနှင့် သွေးသားများကတော့ ခြောက်သွေ့အောင်စုပ်ယူခံခဲ့ရပြီးဖြစ်၏။

ထိုမြင်ကွင်းကိုကြည့်နေသော မိုယန်းယီနောက်မှ သိုင်းသမားများ၏မျက်ဝန်းများအတွင်း ထိတ်လန့်ခြောက်ခြားမှုက ထိန်းချုပ်မရနိုင်အောင်ဖြစ်ပေါ်နေသည်။သိုင်းသမားတစ်ယောက်က တွန့်ဆုပ်တွန့်ဆုပ်ဖြင့် စကားစပြောဟန်ပြင်လိုက်သည်။
“မို သခင်မလေး…”

မိုယန်းယီ တုန်လှုပ်နေသောသူမ၏ကိုယ်ခန္ဓာလေးအား အားတင်းထိန်းချုပ်လိုက်ပြီး…
“ငါတို့ ဆက်မလိုက်တော့ဘူး…”

“ ဒါ..ဒါပေမဲ့..သခင်မလေး…”
ထိုသိုင်းသမားက တစ်ခုခုဆက်ပြောချင်ဟန်တူသည်။

မိုယန်းယီက…
“မာစတာကာရုက အခြေခိုင် ဒုတိယအဆင့်ကိုတောင်ရောက်နေပြီးပြီ…ငါနဲ့ အဆင့်အတူတူပဲ…နောက်ပြီးတော့…ငါ့ထက်တောင် တိုက်ခိုက်ရေးအတွေ့အကြုံ ပိုကြွယ်ဝသေးတယ်...”

မိုယန်းယီ ခေါင်းတစ်ချက်ယမ်းလိုက်ရင်း…
“မာစတာကာရုကို သတ်ဖြတ်သွားတယ်ဆိုတာ…ငါတို့ထဲက ဘယ်သူ့ကိုမဆို သူသတ်ဖြတ်ပစ်နိုင်တယ်ဆိုတဲ့သဘောပဲ…တကယ်လို့ ငါတို့ဆက်လိုက်နေတယ်ဆိုရင် Merchant တိုင်းပြည်ကို တစ်ယောက်မှ အသက်ရှင်လျက် ပြန်မရောက်နိုင်မှာ ငါစိုးရိမ်နေပြီ…”

လီအန်း ဆိုသောသိုင်းသမားတစ်ယောက်က…
“ဒါဆို သူ့ကို ကျုပ်တို့ ဒီတိုင်းပဲ လွှတ်ပေးလိုက်ရတော့မှာလား…မို သခင်မလေး…မာစတာကာရု ကျုပ်တို့ဆီမှာအလုပ်လုပ်ဖို့..ဒီလူအားလုံး ကြုံခဲ့သမျှ ဒုက္ခအပေါင်းကို ရင်ဆိုင်ခဲ့ကြရတာနော်….”

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now