အပိုင်း ၁၉၅

1.7K 166 0
                                    

God of Slaughter (chapter – 195)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၁၉၅) ကြမ်းကြုတ်သော ရန်သူများ

“မိစ္ဆာနယ်မြေသား ခြောက်ယောက်…”

ဟုချင်းမန်က ဖြည်းဖြည်းချင်း ခေါင်းငြိမ့်လိုက်သည်။
သူမက မကြောက်ရုံမက အနည်းငယ်ပင် စိတ်လှုပ်ရှားလျှက်ရှိသည်။
“အသင့်ပြင်ကြ…ကြည့်ရတာ ငါတို့ အရင်ဆုံး တိုက်ရမယ်ထင်တယ်…”

သိုင်းသမားခုနှစ်ယောက်က သတိအနေအထားဖြင့် ရှိနေကြပြီဖြစ်သည်။

ရှီယန်က ခေါင်းငြိမ့်လိုက်သည်။

နတ်ဆိုးနယ်မြေထူးသည် ခိုင်ရာပင်လယ်ပြင်၏ အင်အားကြီးသုံးခုထဲမှ တစ်ခုမဟုတ်ပါလော။
ထို့ကြောင့်လဲ ဒီ ငယ်ရွယ်သော သိုင်းသမားလေးများသည် ကြေးခွံနက်မျိုးနွယ်စုများနှင့် တစ်ခါမှ မတိုက်ခိုက်ဖူးသော်လည်း သူတို့က မကြောက်ရွံ့သည့်အပြင် စိတ်လှုပ်ရှားတက်ကြွနေကြသေးသည်။

“သတိထားဦး…အဲ့ဒီ ကြေးခွံနက်မျိုးနွယ်တွေက အမှောင်ထဲမှာ ကိုယ်ပျောက်ရုံမကဘူး အနံ့ပါ ဖျောက်နိုင်တယ်…ဒီဂူထဲမှာဆို အဲ့ဒီကောင်တွေက မင်းတို့ မျက်နှာရှေ့မှာ ရှိနေရင်တောင် မင်းတို့က သတိထားမိမှာမဟုတ်ဘူး…”

ဂူနံရံကို မှီရင်း သမ်းဝေရင်း ရှီယန်က လေးတွဲ့စွာပြောသည်။

ဘာဒီတို့အုပ်စုက သူ့စကားကြောင့် ဝေခဲမရဖြစ်နေဟန်ဖြင့် သူ့ထံ လှမ်းကြည့်ကြသည်။

“သူပြောတာတွေကို မင်းတို့ မှတ်ထားသင့်တယ်…”
ဟုချင်းမန်က သူမ၏ နောက်လိုက်များကို ညွှန်ကြားသည်။
“ဒီ မိစ္ဆာနယ်သားတွေက ကိုယ်ယောင်ဖျောက်နိုင်တယ်လို့ သူပြောရင် တကယ်ဖျောက်နိုင်လို့ပဲ…အာရုံစိုက်ထားကြ…”

“မနေ့တုန်းကကျတော့ သူက ကြေးခွံနက်မျိုးနွယ်စုကိုတောင် မသိဘူးဆို…”
ဘာဒီက တီးတိုးရေရွတ်လိုက်သည်။

“မနေ့ကဆိုတာ မနေ့ကပဲ…”
ဟုချင်းမန်က စိတ်ရှုပ်သွားဟန်ဖြင့် ကြိမ်းမောင်းလိုက်သည်။
သူမသည်လည်း ရှီယန် ဘယ်လိုလုပ်ပြီး ကြေးခွံနက်မျိုးနွယ်စုများအကြောင်း ဒီလောက် နားလည်သွားမှန်းမသိပါ။
သို့သော်လည်း မနေ့ညက ရှီယန့် လှုပ်ရှားမှုများက သူမကို ယုံကြည်စေသည်။
“အားလုံး အာရုံစိုက်ကြ…မိစ္ဆာနယ်မြေသားတွေ ခြုံခို တိုက်ခိုက်လာနိုင်တယ်…”

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now