အပိုင်း ၂၆

2.8K 280 0
                                    

God of Slaughter (chapter – 26)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၂၆) အလျော်အစား

      တိမော်၏မျက်နှာက မဲမှောင်နေပြီး ကင်းမို၏အရိပ်ကြီးကိုကြည့်ကာ ထိတ်လန့်နေ၏။သူ့အသည်းနှလုံးများ အေးစက်သွားသလို ခံစားလိုက်ရသည်။

ကင်းမို၏ တစ္ဆေပုံရိပ်ကြီးက တိမော်၏ တိုက်ပွဲဝင် ကြေးစားစစ်သည်တော်စိတ်ဓါတ်ကို နိုးကြားလာစေသည်။တစ်ကိုယ်လုံး တုန်လှုပ်နေသော်လည်း ပုံမှန်မဟုတ်သောအခြေအနေကို ရင်ဆိုင်နေရကြောင်း ရိပ်စားမိကာ နောက်သို့ ခြေလှမ်းဆုပ်လိုက်ပြီး ဖြစ်စဉ်ကို သုံးသပ်ရန် ကြိုးစားလိုက်သည်။

ရှီယန်ကလဲ တိမော် ထိတ်လန့်ကာ ဆုပ်ခွာနေသည်ကို ချက်ချင်းသိရှိလိုက်သည်။အခွင့်အရေးကို လက်လွတ်မခံပဲ ဓါးမြှောင်ကို ဆုပ်ကိုင်ကာ သစ်နက်တစ်ကောင်အလား ရှေ့သို့ ခုန်လွှားသွားတော့သည်။တစ်ချိန်ထဲမှာပင် ဒီယာလန်းအား သူနှင့်အတူ တိုက်ခိုက်ရန် အချက်ပြလိုက်၏။

ဒီယာလန်းက အစပိုင်းက ကြောက်လန့်နေခဲ့သော်လည်း ထို တစ္ဆေလိုလိုပုံရိပ်ကြီးက ရှီယန့်ထံမှ ထွက်ပေါ်လာသည်ကို သိရှိထားသောကြောင့် စိတ်ကိုတင်းလိုက်ပြီး တိမော်၏နောက်ဖက်သို့ ချဉ်းကပ်သွားလိုက်တော့သည်။

ရုတ်ချည်းပင် တိမော်က ပြန်လည် အာရုံစုစည်းလိုက်ပြီး တုံ့ဆိုင်းခြင်းမရှိပဲ သူ၏ ကီစုစည်းမှုကို စတင်လည်ပတ်လိုက်တော့သည်။အခြေခိုင် တတိယအဆင့် သိုင်းသမားတစ်ယောက်၏ ကြီးမားသောကီစုစည်းမှုက သူ၏ လျှို့ဝှက်လမ်းကြောင်းများအတိုင်း စုစည်းလှည့်ပတ်လိုက်လေသောအခါ…

ကီစွမ်းအင်များက သူ၏ ဘယ်ဖက်လက်မှ တိုးထွက်လာကြပြီး အနီရောင်အလင်းတန်းများအဖြစ် ပေါက်ကွဲ ဖြာထွက်လာကြသည်။ချက်ချင်းပင် တိမော်၏ ဘယ်ဖက်လက်တွင် ကီစွမ်းအင်သက်သက်ဖြင့် ဖန်တီးထားသော အနီရောင် ဒိုင်းကာကြီးတစ်ခု ထွက်ပေါ်လာလေတော့သည်။

ထို အနီရောင် ဒိုင်းကာကြီးက တောင်ဆုပ်ခန့်ရှိပြီး အလွန်ပူပြင်းသော အနီရောင်စွမ်းအင်များ ဖြာထွက်နေသည်။

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now