အပိုင်း ၁၈၉

1.6K 184 1
                                    

God of Slaughter (chapter – 189)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၁၈၉) အပြင်ထွက်ပြီ…

ချော်ရည်များ၏ အောက်ခြေတွင် ရှီယန့်မျက်နှာက ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်လျှက်ရှိသည်။

အေးစိမ့်ရေခဲမီးလျှံပေးလာသော သွေးနွယ်ရှင်လက်စွပ်၏ အချက်အလက်များက ထိတ်လန့်အံ့သြဖွယ်ရာအနေအထားတစ်ခုတွင်ရှိလို့နေသည်။
ရှီယန်က သွေးနွယ်ရှင်လက်စွပ်၏ ထူးခြားဆန်းကြယ်မှုမှာ သာမာန်ထက် ကျော်လွန်နေသည်ကို ပထမဆုံးအကြိမ် သတိပြုလိုက်မိပြီဖြစ်သည်။

ကောင်းကင်မီးလျှံဖြစ်သော အေးစိမ့်ရေခဲမီးလျှံ၏ ထိုးထွင်းသိမြင်နိုင်စွမ်းသည် အံ့မခန်းအဆင့်သို့ရောက်ရှိနေပြီးဖြစ်သည်။
ဒါတောင်မှ အထဲမှာရှိနေတာ ကြာနေပြီဖြစ်သော အေးစိမ့်ရေခဲမီးလျှံသည် လက်စွပ်ထဲရှိ လက်စွပ်ဝိညာဉ်ကို အာရုံခံလို့မရခဲ့ပါ။
ထိုအဖြစ်သည် သွေးနွယ်ရှင်လက်စွပ် မည်မျှ လျှို့ဝှက်ပြီး မည်မျှ ဆန်းကြယ်သည်ကို ပြသနေခြင်းပင်ဖြစ်သည်။

ဗဟိုချက်မီးလျှံကလေး၏ အငွေ့အသက်ကိုရရှိသောအခါ သွေးနွယ်ရှင်လက်စွပ်က အေးစိမ့်ရေခဲမီးလျှံ၏ တည်ရှိမှုကို ပိတ်ဆည်းထားလိုက်သည်။
ပြီးတော့ ယခုရက်များအတွင်း ရှီယန် စုပ်ယူရရှိထားသော မီးလျှံစွမ်းအင်များကို အသုံးပြုပြီး ဗဟိုချက်မီးလျှံကလေး၏ အနှစ်သက်ဆုံးဖြစ်သော မီးလျှံကျောက်စိမ်းသလင်းတုံးလေးကို ဖန်တီးလိုက်သည်။
သူက အားလုံးကို ပြင်ဆင်ပြီးသွားပြီဖြစ်သည်။
နေရာလွတ်တစ်ခု ထပ်မံဖွင့်လှစ်ကာ အေးစိမ့်ရေခဲမီးလျှံ၏ တည်ရှိမှုမှ သီးသန့် ခွဲထုတ်ထားလိုက်ခြင်းဖြစ်လေသည်။

သွေးနွယ်ရှင်လက်စွပ်တွင် လက်စွပ်ဝိညာဉ်မပါရှိပါဟုပြောလာလျှင် ယခု ရှီယန်က ငြင်းဆန်ရပေလိမ့်မည်။

“ဒီလက်စွပ်…ဒါက လုံးဝ သဘာဝလွန်နေပြီ…သာမန် မှော် သိုလှောင်လက်စွပ်တွေက ပစ္စည်းတွေကိုပဲ သိုလှောင်လို့ရတာ..သက်ရှိ ၀ိညာဉ်တွေကို သိုလှောင်ထားနိုင်စွမ်းမရှိဘူး...မင်းလက်စွပ်ကျတော့ လုံးဝ ဆန့်ကျင်ဘက်ပဲ…ဒါက ပစ္စည်းတွေ သိုလှောင်လို့ရပုံမပေါ်ဘူး…ဒါပေမဲ့ ငါ့လိုမျိုး သက်ရှိအမျိုးအစားတစ်ခုလုံးကိုတောင် ထည့်သွင်းသိုလှောင်ထားနိုင်တယ်….ငါတောင်မှ ဒီ လက်စွပ်ဝိညာဉ်ကို ခံစားလို့မရဘူးဆိုမှတော့ ဒီလက်စွပ်ဟာ ပေါ့သေးသေးမဖြစ်နိုင်တော့ဘူး…”

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now