အပိုင်း ၁၇၆

1.7K 175 0
                                    

God of Slaughter (chapter – 176)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၁၇၆) ဘယ်လောက်ထိတောင် အားကောင်းတာလဲ

မိုသွမ့်ဟွမ်ကို လူထူးဆန်းတစ်ယောက်အဖြစ် ရှီယန် ယူဆထားလိုက်ပြီဖြစ်သည်။
သူက အမြဲတစေ တိတ်ဆိတ်လို့သာနေတတ်ပြီး စကားပြောခဲလှသည်။
တစ်စုံတစ်ယောက်က သူ့ကို အရင်သွားစကားမပြောလျှင် သူက ဘယ်တော့မှ ပါးစပ်ဖွင့်လိမ့်မည်မဟုတ်ချေ။

လမ်းတစ်လျှောက်လုံး ရှီယန် မေးလျှင်ဖြေတာကလွဲလို့ မိုသွမ့်ဟွမ်က အပိုစကားမပြော။
သူက ဘာကိုမှ သိချင်စိတ်မရှိသည့်အလားပင်ဖြစ်သည်။

ရှီယန်က ခိုင်ရာပင်လယ်ပြင်အကြောင်း ပိုမိုနားလည်ချင်သည်။
မိုသွမ့်ဟွမ် ကြိုက်ကြိုက်မကြိုက်ကြိုက် သူက ဂရုမစိုက်ပါ။
သူသိချင်တာ တစ်ခုခုပေါ်လာသည်နှင့် ချက်ခြင်း မေးခွန်းများ တရစပ် မေးတော့သည်။

မိုသွမ့်ဟွမ်က သူကိုယ်တိုင် စကားစမပြောသော်လည်း ရှီယန်က မေးလာလျှင်တော့ သေချာခွဲခြမ်းစိတ်ဖြာကာ ဖြေကြားပေးပါသည်။
မိုသွမ့်ဟွမ်ထံမှလဲ ရှီယန်က သတင်းအချက်အလက်မြောက်များစွာ နားလည်သိရှိလာသည်။

ခိုင်ရာပင်လယ်ပြင်တွင် အင်အားအကြီး သုံးဖွဲ့ရှိသည်။
ယန်မိသားစု ရှာမိသားစုနှင့် နတ်ဆိုးနယ်မြေထူးတို့ဖြစ်ကြသည်။

ယန်မိသားစုကတော့ ခြွင်းချက်မရှိ အင်အားအကြီးဆုံးဖြစ်ပြီး နတ်ဆိုးနယ်မြေက ရှာမိသားစုထက် အနည်းငယ် သာလွန်ဟန်ရှိသည်။

အရှေ့ပင်လယ်ရှိ သိုင်းအဖွဲ့အစည်းများသည် သာမာန်တော့မဟုတ်ကြပါ။
တစ်ဖွဲ့ချင်းစီတွင် ကိုယ်ပိုင် ၀ိသေသလက္ခဏာများ အံ့ဖွယ်များ လျှို့ဝှက်ချက်များ ကိုယ်စီရှိကြသည်။
နတ်ဆိုးနယ်မြေသည်လဲ တစ်ခုအပါအ၀င်ပင်ဖြစ်သည်။

မိုသွမ့်ဟွမ်၏ အဆိုအရ အရှေ့ပင်လယ်တွင် နတ်ဆိုးနယ်မြေသည် အလွန်လျှို့ဝှက်ဆန်သော အဖွဲ့အစည်းဖြစ်သည်။
နှစ်သန်းပေါင်းများစွာ လက်ဆင့်ကမ်းလာခဲ့သော ဒဏ္ဍာရီများအရ လင်မယား စုံတွဲတစ်တွဲသည် ယခု နတ်ဆိုးနယ်မြေထူးနေရာကို မတော်တဆ ၀င်ရောက်ခဲ့မိကြပြီး လျှို့ဝှက်ဆန်းကြယ်သည့် သိုင်းကျမ်းများနှင့် အဖိုးတန်ရတနာများကို ရှာတွေ့ခဲ့ကြသည်။
သူတို့က ထိုနေရာသည် ကမ္ဘာဦး၏ လျှို့ဝှက်အမွေဖြစ်ကြောင်းသိသောအခါ ထိုနေရာတွင် နတ်ဆိုးနယ်မြေထူးကို ထူထောင်ခဲ့ကြသည်ဟုဆို၏။

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now