အပိုင်း ၁၉၃

1.6K 169 1
                                    

Chapter 193 Thrillerသည်းထိတ်ရင်ဖို

ကျောက်နက်တောအုပ်...

ဟုချင်းမန်က မျက်လုံးများ အတင်းဖွင့်ကြည့်လိုက်ပြီးနောက် ပတ်ဝန်းကျင်ကို အသေအချာ ဝေ့ဝဲကြည့်လိုက်သည်။
''နင် ဘာပြောလိုက်တယ်"

''ငါတို့က မိစ္ဆာနယ်မြေသား ကြေးခွံနက်မျိုးနွယ်စုတွေ အဝိုင်းခံရပြီလို့ ငါထင်တယ်''
ရှီယန်က မတ်တပ်ရပ်လိုက်ပြီးနောက် တည်ငြိမ်သောမျက်နှာထားဖြင့်
''အနည်းဆုံး သုံးဆယ်လောက်ရှိမယ် ငါတို့နဲ့ မီတာသုံးရာလောက်ပဲဝေးတော့တယ်..သူတို့ထဲက လေးယောက်က မြေကမ္ဘာအဆင့်တွေ ''

''နင်လာနောက်နေတာလား''
ဟုချင်းမန်က မျက်မှောင်ကြုံ့နေပြီး သူမက ဒါကို ယုံကြည်နိုင်ဟန်မတူပါချေ။
သူမက တစ်ချိန်တည်းမှာပင် စိတ်စွမ်းအင်ကို ထုတ်လွှတ်လိုက်ပြီး မီတာသုံးရာအထိ ဖြန့်ကျက်ကြည့်လိုက်ပြီးဖြစ်သည်။

သူမ၏ စိတ်စွမ်းအင် ရောက်ရှိသလောက်အတွင်းတော့ မည့်သည့်သက်ရှိအရိပ်အယောင်များမတွေ့ပါ။

ဟုချင်းမန်က အနည်းငယ် စိတ်ညစ်သွားသည်။
သူမက ရှီယန့်ကိုစိုက်ကြည့်ကာ ကျိန်းမောင်းလေတော့သည်။
''အဲ့မှာ ဘာမှမရှိဘူး နင်က ငါ့ကို ဟာသလုပ်ချင်နေတာလား ဟမ် ''

ရှီယန်က အံ့အားသင့်သွားပြီးနောက် ဝိညာဉ်ခေါ်ပုလဲဖြင့် ပတ်ဝန်းကျင်ကို ထပ်မံအာရုံခံကြည့်လိုက်ပြန်သည်။

အခြေအနေက တော်တော်ဆိုးသွားပြီဖြစ်သည်။
ထို မိစ္ဆာနယ်သား သုံးဆယ်တို့သည် ပျောက်ကွယ်သွားခြင်းမရှိသည့်အပြင် သူတို့နားသို့ပင် တဖြည်းဖြည်း တိုးကပ်လာနေကြပြီဖြစ်သည်။

ရှီယန့်မျက်လုံးများက ကျဉ်းမြောင်းသွားကြသည်။
ခနနေတော့မှ ဟုချင်းမန်၏ စိတ်စွမ်းအင်သည် ထို ကြေးခွံနက် မိစ္ဆာများကို အာရုံခံနိုင်စွမ်းမရှိကြောင်း ပြန်စဉ်းစားမိသွားသည်။

ညအချိန်တွင် ကြေးခွံနက်မျိုးနွယ်များသည် ကိုယ်ပျောက်နိုင်သည့်အပြင် သူတို့ ဝိညာဉ်၏ သိပ်သည်းမှုကိုလဲ လျှော့ချနိုင်လေသည်။

ဟုချင်းမန်က ကမ္ဘာမြေအဆင့် ဖြစ်သော်လည်း သူမတွင် ဝိညာဉ်ခေါ်ပုလဲမှ မရှိပဲ။
ထို့ကြောင့် သူမက ဒီမိစ္ဆာတွေကို မြင်နိုင်လိမ့်မည်မဟုတ်ချေ။

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now