အပိုင်း ၅၁

2.7K 254 0
                                    

God of Slaughter (chapter – 51)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၅၁) သိုင်းဝိဥာဉ် နန်းတော်

     ရှီမိသားစု၏ သိုင်းဝိဥာဉ်နန်းတော်က အထပ်ငါးထပ်ရှိသည်။

ကီစုစည်းမှုအဆင့်အတန်းအလိုက် အထပ်များကို အမည်ပေးထားပြီး အထပ်တိုင်းတွင် ကီစုစည်းမှုအဆင့်အလိုက် လေ့ကျင့်ရန်သင့်တော်သော သိုင်းကျမ်းများ ထားရှိသည်။

ပထမထပ်နှင့် ဒုတိယထပ်ရှိ သိုင်းကျမ်းများမှာ သေစေခြင်းအဆင့် သိုင်းပညာများဖြစ်ကြသည်။ယေဘုယျအားဖြင့်  အခြေခံအဆင့်သိုင်းသမားများသည် ပထမထပ်ရှိသိုင်းပညာများကို လေ့ကျင့်ကြပြီး အခြေခိုင်အဆင့်များက ဒုတိယထပ်ရှိသိုင်းပညာများကိုလေ့ကျင့်၍ရသည်။

တတိယထပ်နှင့် စတုတ္ထထပ်များမှာ သိမ်မွေ့နက်နဲခြင်းအဆင့် သိုင်းပညာကျမ်းများ ထားရှိသည်။လူသားအဆင့် သိုင်းသမားများက တတိယအထပ်ရှိသိုင်းပညာများကို လေ့လာခွင့်ရှိပြီး အန္တရယ်အဆင့်သိုင်းသမားများသာ စတုတ္ထထပ်ရှိ သိုင်းကျမ်းများကို လေ့ကျင့်နိုင်သည်။

ပဉ္စမမြောက်အထပ်ဖြစ်သော ငါးထပ်မြောက်တွင်တော့ ရှီမိသားစု၏ အုတ်မြစ်ဖြစ်သော စိတ်ဝိဥာဉ်အဆင့် သိုင်းကျမ်းကို သိမ်းဆည်းထားသည်။
သို့သော်လည်း ထိုနေရာက တားမြစ်နယ်မြေဖြစ်ပြီး ရှီမိသားစုခေါင်းဆောင် ရှီဂျန်တစ်ယောက်သာ ၀င်ထွက်ခွင့်ရှိသည်။

စိတ်ဝိဥာဉ်အဆင့် သိုင်းပညာကျမ်းက အထူးလျှို့ဝှက်ထားပြီး ရှီမိသားစု၏ ဒုတိယခေါင်းဆောင်များပင် ကြည့်ရှုခွင့်မရချေ။
ရှီမျိုးဆက်များထဲမှ ကမ္ဘာမြေအဆင့်သို့တက်လှမ်းနိုင်သော သိုင်းပညာရှင်များသာ ထိုသိုင်းကျမ်းကို လေ့လာခွင့်ရှိသည်။

သို့သော်လည်း ရှီဂျန့်နောက်ပိုင်း ရှီမိသားစုမျိုးဆက်များထဲတွင် ရှီယင်းသာ အဆင့်အမြင့်ဆုံးဖြစ်ပြီး သူက ယခု အန္တရယ် တတိယအဆင့်တွင်သာရှိနေသေးသည်။သူက ကမ္ဘာမြေအဆင့်ရောက်ရန် ခြေတစ်လှမ်းလိုနေသေး၏။

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now