အပိုင်း ၆၁

2.4K 234 0
                                    

God of Slaughter (chapter – 61)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၆၁) တတိယမျိုးဆက်ခေါင်းဆောင်ငယ်လေးများ

Merchant တိုင်းပြည်က လှုပ်လှုပ်ရှားရှားဖြင့် အသက်ဝင်လာပြီဖြစ်သည်။

မိသားစုငါးစုကလဲ ဒင်းယန်ကိုလိုက်ရှာ၍ကောင်းနေကြဆဲဖြစ်ပြီး မြူခိုးစံအိမ်ကလဲ ယန်ဟိုင်အမည်ရှိလူတစ်ယောက်ကို လိုက်ရှာရင်းဖြင့် အရှူပ်ထဲဝင်ပါလာသည်။
သို့သော်လည်း မြူခိုးစံအိမ်က သူတို့၏ရှာဖွေမှုကို သိုသိုသိပ်သိပ်သာလုပ်သည်။သူတို့က လဘ်ပေးလဘ်ယူနည်းလမ်းအတိုင်းကျင့်သုံး၏။အကယ်၍ သင်က သင့်နာမည် ယန်ဟိုင်ဖြစ်ကြောင်း သက်သေအထာက်အထားနှင့်တကွ ပြသနိုင်လျှင် သင်က မြူခိုးကပွဲရုံသို့သွားရောက်၍ သွေးတစ်စက်ဖောက်ခံပြီးနောက် ခရမ်းရောင် သလင်းကျောက်ပြား တစ်ထောင် ထုတ်ယူနိုင်သည်။

သိုင်းပြိုင်ပွဲကြီး ကျင်းပတော့မည်ဖြစ်သောကြောင့် Merchant တိုင်းပြည်သို့ လူအများ တဖွဲဖွဲ ၀င်ရောက်နေကြသည်။မိသားစုကြီးများနှင့် မြူခိုးစံအိမ်၏လှုပ်ရှားမှုများက လူအများကို စိတ်ရှုပ်ထွေးစေသော်လည်း သိုင်းပြိုင်ပွဲ၏ စည်ကားမှုက ကျဆင်းသွားမည့်ဟန်မတူပါချေ။

တိအန်းမြို့တော်ရှိ စားသောက်ဆိုင်များ တည်းခိုခန်းများက ခနချင်းပင် လူပြည့်သွားတော့သည်။

အမှောင်တောအုပ်၊ သေမင်းနွံတောနှင့် မိုးထိတောင်တန်းမှ ရောက်လာကြသောသိုင်းသမားအတော်များများက စိတ်ကြမ်းလူကြမ်းများဖြစ်ကြ၏။တိအန်းမြို့သို့ရောက်ရှိလာကြတာတောင် အချို့က အနားယူဖို့ မစဉ်းစားကြ။ မကြာခန ချိတ်မိ ငြိမိကြရင်း သတ်ပွဲတွေ တခြိမ်းခြိမ်းဖြစ်နေကြလေသည်။

နေ့နေ့ညည ရန်ပွဲများ မကြာခနဖြစ်နေသောကြောင့် မနက်တိုင်း သန့်ရှင်းရေးလုပ်ရသော ၀န်ထမ်းများမှာ ရေမြောင်းများအတွင်း အလောင်းကောင်အသစ်များ မကြာခန တွေ့ရတတ်လေသည်။

သိုင်းပြိုင်ပွဲကျင်းပရန် သုံးရက်အလို…

မနက်စောစောတွင် ဇူခွါးက နံနက်စာစားပြီးနောက် မျက်စိမှတ်ကာ တရားမှတ်နေသည်။ထိုအချိန်တွင် အပြင်ဖက်မှ ဇူရှီ၏အသံလေးက စီညံထွက်ပေါ်လာလေ၏။
“ဟာ…အဖိုးကြီး…ရောက်လာပြီလား…”

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now